ရန်ကုန်-မန္တလေးရထားခရီးစဉ် ဒီဇင်ဘာလ ၂၆ ရက်မှစတင်ပြီး တစ်နေ့တစ်စင်းသာ ရိုးရိုးတွဲဆိုင်းဖြင့် အချိန်ပြောင်းလဲပြေးဆွဲမည်

ဒီဇင်ဘာ ၂၆

      ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းမှာ ဒီဇင် ဘာလ ၂၆ ရက်ကစပြီး အမှတ်(၅)အဆန်၊ အမှတ်(၆)အစုန်ရထား တစ်စင်းတည်းသာ ရိုးရိုးတွဲဆိုင်းနှင့် အချိန်ပြောင်းလဲပြေးဆွဲမည်ဖြစ်သည်ဟု မြန်မာ့မီးရထားမှ သိရပါသည်။ ယခုပြေးဆွဲမည့် အမှတ်(၅)အဆန်၊ အမှတ်(၆)အစုန် အမြန်ရထားမှာ မနက် ၅ နာရီတွင် ရန်ကုန်ဘူတာကြီးနှင့် မန္တလေးဘူတာကြီးများမှ စတင်ထွက်ခွာမည်ဖြစ်ပြီး အဆန်ရထားမှာ မန္တလေးဘူတာကြီးသို့ ည ၁၀ နာရီမိနစ် ၂၀ နှင့် အစုန်ရထားမှာ ရန်ကုန်ဘူတာကြီးသို့ ည ၁၀ နာရီခွဲအချိန်ခန့်တွင် ဆိုက် ရောက်မည်ဖြစ်သည်ဟု ဆိုပါသည်။

       ၎င်းရထားမှာ အထက်တန်းတွဲ ၆ တွဲ၊ ရိုးရိုး တန်းတွဲ၁၀တွဲ၊ ကုန်တွဲ ၁ တွဲနဲ့ ဘရိတ်တွဲ ၁ တွဲ ပါဝင်မည် ဖြစ်သည်။

       လမ်းဘူတာများအနေနှင့် ပဲခူး၊ တောင်ငူ၊ ပျဉ်းမနား၊ နေပြည်တော်နှင့် သာစည်ဘူတာများတွင်သာ ရပ်တန့်ပေးသွားမည် ဖြစ်သည်ဟု သိရပါသည်။ ရထားလက်မှတ်များကို သက်ဆိုင်ရာဘူတာများ၌ လူကိုယ်တိုင်သွားရောက် စုံစမ်းဝယ်ယူရမည်ဖြစ်ကြောင်း သိရပါသည်။

      ဒီဇင်ဘာလ ၂၅ ရက် ညနေ ထွက်ခွာမည့် ရန်ကုန် – မန္တလေး၊ မန္တလေး – ရန်ကုန်ရထားများ မထွက်ဖြစ်တော့ဘဲ အမှတ် ၅ အဆန်၊ အမှတ် ၆ အစုန်ရထားနှင့် စီးနင်းလိုက်ပါမည့် ခရီးသည်များက နောက်တစ်နေ့ မနက် ၅ နာရီ ရထားနှင့် လိုက် ပါနိုင်သည်ဟု ဘူတာများတွင် ကြေညာခဲ့ပြီး အမှတ် (၃)အဆန်၊ အမှတ်(၄) အစုန်ရထားနှင့် လိုက်ပါမည့် သူများကို လက်မှတ်ခငွေပြန်အမ်းပေးခဲ့သည်ဟု ခရီးသည်တချို့က လူမှုကွန် ရက်ပေါ်တွင် ရေးသားထားပါသည်။ ​ယခုလိုရထားအစင်းရေ လျှော့ချပြီး အချိန်ပြောင်းလဲပြေးဆွဲရခြင်းမှာ လမ်းခရီးလုံခြုံရေးကြောင့် ဖြစ်နိုင်သည်ဟု သုံး သပ်နေကြပါသည်။

        ရန်ကုန် – မန္တလေး လမ်းပိုင်းမှာ မူလက အမှတ်(၅) အဆန်၊ အမှတ်(၆)အစုန် လေအိတ်အမြန်ရထား၊ အမှတ်(၃)အဆန်၊ (၄)အစုန်အမြန်ရထားများ နေ့စဉ်ပြေးဆွဲခြင်းဖြစ်ပြီး အမှတ်(၁) အဆန်၊ (၂)အစုန် စာပို့ရထားမှာ တစ်ရက်ခြား ပြေးဆွဲနေခြင်း ဖြစ်ပါသည်။

#PAN