မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းသို့ ဆွာရက်ဇ် ပြောင်းရွှေ့

ဒီဇင်ဘာ ၂၆

ဘာစီလိုနာအသင်း တိုက်စစ်မှူးဟောင်း လူးဝစ်ဆွာရက်ဇ်က အသင်းဖော်ဟောင်းတွေရှိနေတဲ့ မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းကို ပြောင်းရွှေ့ခဲ့ပြီး တစ်နှစ်စာချုပ် ချုပ်ဆိုခဲ့ပါတယ်။

အသက် ၃၆ နှစ်အရွယ် ဥရုဂွေးတိုက်စစ်မှူး ဆွာရက်ဇ်ဟာ ဘရာဇီးကလပ် ဂရီမီယိုအသင်းနဲ့ လမ်းခွဲပြီးနောက်မှာ မက်ဆီကစားနေတဲ့ အင်တာမိုင်ယာမီအသင်းသို့ ရောက်ရှိလာခဲ့တာလည်း ဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းမှာ မက်ဆီ၊ ဘက်စ်ကွက်စ်၊အယ်ဘာတို့နဲ့အတူ တွဲကစားပြီး ချန်ပီယံဆုတွေရယူနိုင်ဖို့ကို ကြိုးစားပေးသွားမှာဖြစ်တယ်လို့ ဆွာရက်ဇ်က ပြောသွားခဲ့ပါတယ်။

ဆွာရက်ဇ်ဟာ ဂရီမီယိုအသင်းနဲ့ ပြိုင်ပွဲစုံ ၅၃ ပွဲမှာ ၂၆ ဂိုးသွင်းပြီး ၁၇ ဂိုးဖန်တီးပေးထားခဲ့ပါတယ်။