ပြင်သစ်က အိန္ဒိယနိုင်ငံသားများ ပါဝင်သော လေယာဉ်ကို ပြန်လွှတ်ပေး

ဒီဇင်ဘာ ၂၆

      ပြင်သစ်အစိုးရက အိန္ဒိယနိုင်ငံသားအများစု အပါ အဝင် လူအယောက် ၃၀၀ ကျော် လိုက်ပါလာသည့် စင်းလုံးငှားလေယာဉ်တစ်စင်းကို လေးရက်ကြာ ထိန်း သိမ်းထားပြီးနောက် ဒီဇင်ဘာလ ၂၅ ရက်တွင် ပြန်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း သိရသည်။

      အဆိုပါ လေယာဉ်သည် နီကာရာဂွါသို့ သွားမည့်လေယာဉ်ဖြစ်ပြီး ပြင်သစ်နိုင်ငံ၌ ခရီးတစ်ထောက်ရပ်နားစဉ် ပြင်သစ်တာဝန်ရှိသူများက ထိုလေယာဉ် ပေါ်ပါသူများကို လူကုန်ကူးမှု သံသယဖြင့် ထိန်းသိမ်း ထားခြင်း ဖြစ်သည်။ Airbus A340 အမျိုးအစား ထိုလေယာဉ်သည် ဒူဘိုင်းမြို့မှ ပျံသန်းသွားပြီးနောက် ပြင်သစ်နိုင်ငံ ဗာထရီလေဆိပ်၌ လေယာဉ်ဆီဖြည့်ရန် ဆင်းသက်စဉ် ထိန်းသိမ်းခံရခြင်း ဖြစ်သည်။

        ယခုအခါ တာဝန်ရှိသူများက ထိုလေယာဉ်ကို ပြန်လွှတ်ပေးလိုက်ပြီ ဖြစ်သော်လည်း လေ ယာဉ်မှာ နီကွာရာဂွါနိုင်ငံသို့ သွားမည့်အစား မွမ်ဘိုင်းမြို့သို့သာ ပြန် လည်ဦးတည်ပျံသန်းသွားရသည်။ အဆိုပါလေယာဉ်တွင် လိုက်ပါလာသော အိန္ဒိယနိုင်ငံသားများသည် ယူအေအီးနိုင်ငံ၌ အလုပ်လုပ်နေသူများဖြစ်ပြီး အမေရိကန် သို့မဟုတ် ကနေဒါသို့ သွားနိုင်ရေးအတွက် နီကာရာဂွါတွင် အခြေစိုက်ရန်လာခြင်း ဖြစ်နိုင်သည်ဟု တာဝန်ရှိသူများ၏ ပြောဆိုချက်ကို ကိုးကား၍ သတင်းဌာနတစ်ခုက ဖော်ပြထားသည်ဟု RT သတင်းဌာနမှ သိရသည်။

#PAN