ပလောက်မြို့၊ ကျောက်တောင်ကျေးရွာ ရာအိမ်မှူးတစ်ဦးအား လူသတ်အကြမ်းဖက်PDFများမှ သေနတ်ဖြင့် ပစ်သတ်


ဒီဇင်ဘာ ၂၆

တနင်္သာရီတိုင်းဒေသကြီး၊ပုလောမြို့နယ်၊ ပလောက်မြို့၊ကျောက်လုံးကြီးကျေးရွာအုပ်စုကျောက်တောင်ကျေးရွာ ရာအိမ်မှူးဦးတုတ်အား ယနေ့နံနက်၉နာရီခွဲ အချိန်ခန့်တွင် pdfများမှ သင်္ဘောရွက်ဘုန်းကြီးကျောင်းအနီးရှိ ဦးတုတ်၏ ဥယျာဉ်ခြံအတွင်းသို့ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်သတ်သွားခဲ့ကြောင်းသိရှိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် ဦးတုတ်သည် အခင်းဖြစ်ရာနေတွင် သေဆုံးသွားခဲ့ကြောင်း၊ ၎င်း၏အလောင်းအားပလောက်မြို့သို့ သွားရောက်ယူဆောင်လာပြီး မီးသင်္ဂြိုလ်ခဲ့ကြောင်း သိရသည်။ ၎င်းသည်​ကျောက်​လုံး​ကြီးကျေးရွာ အုပ်စု ပြည်ခိုင်ဖြိုးပါတီရပ်ကျေးကော်မတီဝင်တစ်ဦးဖြစ်ကြောင်း သိရသည်။

#PAN

Telegram link

https://t.me/positiveanglenews