တာဝန်သိပြည်သူများ၏ လျှို့ဝှက် သတင်းပေးပို့မှုအရ မြစ်ခြေမြို့ ပြည်သူ့ခန်းမရှေ့၌ မိုင်းများ ဖော်ထုတ်ရှင်းလင်းနိုင်ခဲ့

ဒီဇင်ဘာ ၂၆

      မကွေးတိုင်းဒေသကြီး၊ မြစ်ခြေမြို့တွင် ပြည်သူ့ခန်းမရှေ့၌ အကြမ်းဖက် PDF များက မိုင်းများထောင်ထားကြောင်း တာဝန်သိပြည်သူများ၏ လျှို့ ဝှက် သတင်းပေးပို့မှုအရ နယ်မြေလုံခြုံရေး ဆောင် ရွက်နေသော လုံခြုံရေးတပ်ဖွဲ့များက ယနေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင်  ထောင်ထားသော မိုင်းများအား ဖော်ထုတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။

       ထိုသို့  မိုင်းများအား ဖော်ထုတ်ရှင်းလင်းခဲ့ရာလက်လုပ်ရှေ့ထွက်မိုင်း ၃ လုံး၊ လက်လုပ်မိုင်း ၂ လုံးတို့ကို  သိမ်းဆည်းရမိကြောင်း သိရပါသည်။

      အကြမ်းဖက်ပြည်ပြေအဖွဲ့ NUG ၏ လက်ဝေခံ လူသတ်အကြမ်းဖက် PDF များသည် အပြစ်မဲ့ အရပ် သားပြည်သူများကို ထိခိုက်မှုဖြစ်ပွားစေရန် ရည်ရွယ်ပြီး ယခုလို ပြည်သူ့ခန်းမရှေ့၌ မိုင်းထောင်ထားခြင်းဖြစ်ကြောင်း သိရပါသည်။

#PAN