အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ၎င်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများအား လိုက်ပါလုပ် ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူFacebook အကောင့်ပိုင်ရှင် သုံး ဦးကို ဖော် ထုတ်အရေးယူ

ဒီဇင်ဘာ ၂၅

         အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့် ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည် ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်း ခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိရာ ထိုသို့ ပြုလုပ်သူ  “Suraj Bjr” ၊ “Htet Aung Paing” နှင့် “ဥူးရေပြား” Facebook Account ပိုင်ရှင် သုံးဦးတို့ကို ဒီဇင်ဘာလ ၂၄ ရက်နေ့က ဖမ်းဆီးထိန်း သိမ်းခဲ့ကြောင်း သိရပါသည်။

       နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက် ပြားစေရန် ရည်ရွယ်ကာ လူမှုကွန်ရက်စာမျက်နှာပေါ်၌ လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုမူလုပ် ဆောင်ခဲ့သည့် “Suraj Bjr” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ မြို့ဦး ရပ်ကွက်နေ အောင်အောင်ထွန်း(ခ) ဆူဒါန်းအား မွန်းလွဲ ၂ နာရီခွဲတွင်လည်း ကောင်း၊ “Htet Aung Paing” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ ကယား ပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ လောဓမ္မရပ်ကွက်နေ ထက်အောင်ပိုင်အား ညနေ ၅ နာရီ ၄၅ မိနစ်တွင်လည်း ကောင်း၊ “ဥူးရေပြား” Facebook အကောင့်ပိုင်ရှင်ဖြစ်သူ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ပိန်းနဲကုန်းကျေးရွာနေ သိန်းသန်းအောင်အား ည ၇ နာရီ ၁၀ မိနစ်တွင်လည်းကောင်း သက်ဆိုင်ရာ ရဲစခန်းအသီးသီး၌ တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ် အရေးယူခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

         ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့် ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှု များကို ထပ်ဆင့်ဝေမျှခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂ (က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-ကနှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ်ဆက်သွယ် ဆောင်ရွက်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သောပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာ အဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၅ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာများမှ တစ်ဆင့် အသိပေးသတင်းထုတ်ပြန်ထားပြီး ဖြစ် ကြောင်းနှင့် ထိုကဲ့သို့ ထုတ်ပြန်ထားမှုကို ​လိုက်နာခြင်းမရှိဘဲ လှုံ့ ဆော်၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ်အရေးယူသွားမည်ဖြစ်ကြောင်း အသိပေးသတင်းထုတ်ပြန်ထားပါသည်။

#PAN