လုံခြုံရေးစစ်ကြောင်းက ခေတ္တအခြေပြုနေစဥ် အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့က Drop Bomb ပစ်ချတိုက်ခိုက်ရာ ဆရာတော်တစ်ပါး ဗုံးစထိမှန် စိုးရိမ်ရ ဒဏ်ရာရရှိ

ဒီဇင်ဘာ ၂၅

      မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၊သက္ကယ်ကျင်းကျေးရွာ၊သက္ကယ်ကျင်း ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း နယ်မြေလုံခြုံရေး ဆောင် ရွက်နေသော လုံခြုံရေးစစ်ကြောင်းက ခေတ္တအခြေပြုနေစဥ် ယနေ့ ညနေ ၄ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် အကြမ်းဖက်သောင်းကျန်းသူ PDF စိစစ်ဆဲအဖွဲ့က Drone တစ်စီးဖြင့် Drop Bomb ၂ လုံး ပစ်ချတိုက်ခိုက်ခဲ့ကြောင်း သိရပါ သည်။

     ထိုသို့ Drop Bomb ပစ်ချတိုက်ခိုက်ခဲ့ရာ Bomb ၂ လုံးမှာ ဘုန်းတော်ကြီးကျောင်းဝင်းအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် သက္ကယ်ကျင်းကျောင်းတိုက်မှ ဆရာ တော် ဦးတိက္ခ၊ သက်တော် ၄၆နှစ်၊ ဝါတော် ၂၆ ဝါတွင် ဦးခေါင်းဝဲဘက် နားနောက် အစဝင်ဒဏ်ရာ ၁ ချက်၊ လက်ဖမိုး အစမှန်ဒဏ်ရာ ၁ ချက်၊ ယာ-ချိုင်းအောက် အစမှန်ဒဏ်ရာ ၁ ချက်၊ ပေါင်ရင်း အစမှန်ဒဏ်ရာ ၁ ချက်(စိုးရိမ်ရ)ရရှိခဲ့ကာ မိတ္ထီလာ၊ အမှတ်(၁)တပ်မတော်စစ်ဆေးရုံ(ကုတင်- ၅၀၀)သို့ ပို့ဆောင်ကုသထားကြောင်း သိရပါ သည်။

      အဆိုပါ Drone မှာ Drop Bomb ပစ်ချပြီး သက္ကယ် ကျင်းကျေးရွာ မြောက်ဘက်သို့ ပျံသန်းသွားခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN