ပုသိမ်ရွှေမုဌောဘုရား ရွှေသင်္ကန်းကပ်လှူရန် ကောက်ခံထားသည့် ငွေကျပ်သိန်း ၆၀၀၀ ကို တိုင်းစစ်ဌာနချုပ်မှ ရန်ပုံငွေအဖြစ် သိမ်းယူခဲ့ကြောင်း မဟုတ်မမှန်သတင်းများ ရေးသား ဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ ၂၅

      ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့ရှိ ရွှေမု ဌောဘုရားအတွက် ရွှေသင်္ကန်းကပ်လှူရန် အလှူခံရရှိထားသည့် ငွေကျပ် သိန်း ၆,၀၀၀ကို တိုင်းစစ်ဌာနချုပ်မှ ရန်ပုံငွေအဖြစ် သိမ်းယူ ခဲ့ကြောင်းနှင့် ဟိုင်းကြီးကျွန်းမြို့၊ ဇီးချိုင်ကျေးရွာအုပ်စုရှိ မော်တင်စွန်း စေတီတော်မြတ် ရင်ပြင် တော်တိုးချဲ့ရန် ကောက်ခံရရှိထားသည့် အမေရိကန် ဒေါ်လာများအား တစ်ဒေါ်လာလျှင် ငွေ ၂၁၀၀ ကျပ်နှုန်း ဖြင့်လဲလှယ်ခဲ့ကြောင်း တရားမဝင် အကြမ်းဖက်အားပေး Ayarwaddy Time မှ လူမှုကွန် ရက်စာမျက်မှာများတွင်  ကောလာဟလ သတင်းတု၊ သတင်းမှားများ မဟုတ်မမှန်ရေး သားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။         

      အဆိုပါ အကြောင်းအရာနှင့်ပတ်သက်၍ သာသနာရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးနှင့် တိုင်းစစ်ဌာန ချုပ်မှ တာဝန်ရှိသူတစ်ဦးတို့၏ ပြောကြားချက်အရ စေတီတော်ကြီးများအတွက် လှူဒါန်းထားသည့် အလှူတော်ငွေများအား မည်သည့်ဌာနဆိုင်ရာ အဖွဲ့အစည်းများမှ သိမ်းဆည်း ယူဆောင်ထားခြင်းမရှိဘဲ သက်ဆိုင်ရာ ဂေါပကအဖွဲ့များထံတွင်သာ စနစ်တကျ ထိန်းသိမ်း ထားရှိကြောင်းနှင့် အကြမ်းဖက်အားပေး တရားမဝင် ပြည်ဖျက်မီဒီယာများသည်  ဘာသာရေးဆိုင်ရာ စေတီပုထိုးများနှင့် ပတ်သက်၍ မဟုတ်မမှန်ဝါဒ ဖြန့်ချိမှုများကို လုပ်ကြံ ရေးသားခြင်းသာဖြစ်ပြီး ကောလာဟလ သတင်းအမှားသာဖြစ်ကြောင်း သိရှိရသည်။ 

       တရားမဝင်ပြည်ဖျက် မီဒီယာများအနေဖြင့် လူမှုကွန်ရက်စာမျက်နှာများတွင် သတင်းတု၊ သတင်းမှားများ၊ လုပ်ကြံသတင်းများကို နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းမှု ပျက်ပြားစေရန်နှင့် ပြည်သူများမှ အထင် အမြင်လွဲမှားစေရန် ရည် ရွယ်ချက်ရှိရှိ သွေးထိုးလှုံ့ ဆော်ကာ ရေးသားဖြန့် ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။

#PAN