တပ်မတော်မှ မြောက်ဦးရှေးဟောင်း ယဉ်ကျေးမှုပြတိုက်ကို လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍  ကျောက်စာခန်းကို ကျရောက်ခဲ့ပြီး ကျောက်စာများ ပျက်စီးသွားခဲ့ကြောင်း မဟုတ်မမှန် သတင်းများရေးသား ဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ ၂၅

      ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်ရှိ မြောက်ဦးရှေး ဟောင်းယဉ်ကျေးမှုပြတိုက်အား တပ်မတော်မှ လက် နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သဖြင့် ကျောက်စာခန်းအတွင်းကျရောက် ပေါက်ကွဲခဲ့ပြီး ကျောက်စာချပ်များ ပျက်စီးခဲ့ကြောင်း တရားမဝင် အကြမ်းဖက်အားပေး Narinjara မှ လူမှုကွန် ရက် စာမျက်မှာများတွင်  သတင်းတု၊ သတင်းမှားများ မဟုတ်မမှန် ရေးသား ဖြန့်ဝေလျက် ရှိသည်ကို တွေ့ရှိရသည်။       

      အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ သက် ဆိုင်ရာ နယ်မြေလုံခြုံရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ပြောကြားချက်အရ ၂၄ ရက်နေ့ ညပိုင်းတွင် AA လက်နက်ကိုင် သောင်းကျန်း သူများက မြောက်ဦးမြို့ရှိ ရဲစခန်း ၂ ခု အား ရှော့တိုက်ဒုံး၊ လက်နက်ကြီးများဖြင့် အဝေးမှ ရမ်းသမ်းပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် ဒေသခံပြည်သူများနေထိုင်ရာ မြို့အတွင်းရှိ လူနေ အဆောက်အဦနှင့်  မြောက်ဦးရှေးဟောင်းယဉ်ကျေးမှု ပြတိုက်တို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး လူနေအဆောက်အဦအချို့နှင့် ကျောက်စာချပ်များပျက်စီးခဲ့ကြောင်း သိရှိရသည်။

       တရားမဝင်ပြည်ဖျက် မီဒီယာများမှ AA အကြမ်း ဖက်သောင်းကျန်းသူများ၏ ရှော့တိုက်ဒုံး၊ လက်နက် ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုများကို ဖုံးကွယ်လိုသော ရည်ရွယ်ချက်ဖြင့်  တပ်မ တော်မှ ပစ်ခတ်သည်ဟု မဟုတ်မမှန် ရေးသား၍ သွေးထိုးလှုံ့ဆော်ကာ ဖြန့်ဝေနေခြင်းသာ ဖြစ် ကြောင်း သတင်းရရှိသည်။

#PAN