တစ်ကမ္ဘာလုံးတွင် ယခုနှစ်အတွင်း သွေးလွန်တုပ် ကွေးရောဂါဖြစ်ပွားသူ ငါးသန်းကျော်ရှိ

ဒီဇင်ဘာ ၂၅

      ခြင်မှ ကူးစက်သော သွေးလွန်တုပ်ကွေးရော ဂါဖြစ်ပွားသူ အရေအတွက်သည် ယခုနှစ်တွင် လူပေါင်း ငါးသန်း ကျော် ရှိလာကြောင်းနှင့် ၅,၀၀၀ ကျော်သေဆုံးခဲ့ကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က သွေးလွန်တုပ်ကွေး အန္တရာယ်နှင့်စပ်လျဉ်း၍ ဒီဇင်ဘာလ ၂၃ ရက်တွင် သတိပေးချက်ထုတ်ပြန်ခဲ့သည်။

       အဆိုပါရောဂါဖြစ်ပွားမှု၏ ၈၀ ရာခိုင်နှုန်းနီးပါး သို့မဟုတ် ၄ ဒသမ ၁ သန်းသည် အမေရိကတိုက်တွင် တွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။ လူပေါင်း လေးဘီလီယံသည် သွေးလွန် တုပ်ကွေး အန္တရာယ်ရှိသော် လည်း ကူးစက်ခံရသူအများစုမှာ ရောဂါလက္ခဏာမပြဘဲ ရက်သတ္တ တစ်ပတ်မှ နှစ်ပတ်အတွင်း ပြန်လည်ကောင်းမွန် လာလေ့ရှိကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ပြောကြားသည်။

      သွေးလွန်တုပ်ကွေးအတွက် ထိရောက်သောကုသနည်း မရှိသောကြောင့် စောစီးစွာသိရှိနိုင်ခြင်းနှင့် ဆေးကုသမှုခံယူခြင်းများသည် ပြင်းထန်သောရောဂါများကြောင့် သေဆုံးမှုနှုန်းကို လျှော့ ချနိုင်သည်။ နိုင်ငံပေါင်း ၁၂၉ နိုင်ငံတွင် ၂ဝ၁၉ ခုနှစ်အတွင်း ရောဂါဖြစ်ပွားမှု ၅ ဒသမ ၂ သန်းအထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း ကမ္ဘာ့ကျန်း မာရေးအဖွဲ့က ပြောကြားသည်။

       လက်ရှိသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုကို ထိန်းချုပ်ရန်နှင့် လာမည့်သွေးလွန်တုပ်ကွေးရာသီအတွက် ပြင်ဆင်နေသည့်နိုင်ငံများကို ပံ့ပိုးရန်အတွက် အမြင့်ဆုံးအာရုံစိုက်မှုလုပ်ဆောင်ရန် လိုအပ်ကြောင်း ကမ္ဘာ့ ကျန်းမာရေးအဖွဲ့က ပြောကြားသည်။

#PAN