ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA)သတင်းများ

ဒီဇင်ဘာ ၂၄

• ချန်ပီယံလိဂ်ပြိုင်ပွဲ၌ အသင်းအရေအတွက်တိုးချဲ့မည့်အစီအစဉ်ကို ဖျက်သိမ်းဖွယ်ရှိ

       ဥရောပဘောလုံးအဖွဲ့ချုပ်(UEFA) က ချန်ပီ ယံလိဂ်ပြိုင်ပွဲမှာ အသင်းအရေအတွက် တိုးချဲ့မည့် အစီ အစဉ်ကို ဖျက်သိမ်းဖွယ်ရှိကြောင်း သိရပါတယ်။
       ချန်ပီယံလိဂ်ပြိုင်ပွဲကို လက်ရှိရာသီအထိ အုပ်စုအဆင့်တွင် အသင်း ၃၂ သင်းနဲ့ ကျင်းပနေခြင်းဖြစ်ပြီး လာမည့် ၂၀၂၄-၂၅ ရာသီမှာ ၃၆ သင်းသို့ တိုးမြှင့်ရန် စီစဉ်ထားတာ ဖြစ်ပါတယ်။
ဒါပေမယ့် ယခုအခါ ဥရောပစူပါလိဂ်ပြိုင်ပွဲနှင့် ပြိုင်ဆိုင်ရဖွယ်ရှိလာတဲ့အတွက် ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အရည်အသွေး လျော့ကျသွားခြင်း မရှိစေရန်အတွက် လက်ရှိပုံစံအတိုင်းသာ ဆက်လက်ကျင်းပသွားဖွယ် ရှိတယ်လို့ သိရပါတယ်။

• ဘောလုံးအားကစားနည်းက ရောင်းစားရတာမဟုတ်ဘူးလို့ ဆိုတဲ့ UEFA ဥက္ကဋ္ဌ

      UEFA ဥက္ကဋ္ဌ ဆယ်ဖာရင် က ဘောလုံးအား ကစားနည်းက ရောင်းစားရတာမဟုတ်ဘူးလို့ ပြောကြား လိုက်ပါတယ်။ လက်ရှိအချိန်မှာ ဥရောပစူပါလိဂ်ကြောင့် ဆယ်လ်ဖာရင် က အခုလိုသတိပေးခဲ့တာ ဖြစ်ပါတယ်။
      ဥရောပစူပါလိဂ်ကို ရီးရဲလ်နဲ့ ဘာစီလိုနာအသင်းတို့က ဦးဆောင်ကျင်းပနေပြီး European Justice Court က ခွင့်ပြုချက် ပေးထားပါတယ်။ ဒါပေမဲ့ လက်ရှိအချိန်မှာ ဘိုင်ယန်မြူးနစ်၊ PSG၊ မန်ချက်စတာယူနိုက်တက်၊ အက်သလက်တီကို၊ ဒေါ့မွန်၊ ဆီဗီလာ၊ ဗယ်လာဒိုးလစ်၊ ဂရန်နာဒါ၊ ဂျီရိုနာ၊ လီဗန်တေး၊ တီနီရိုက်ဖ်၊ ဗလင်စီယာ၊ ကာဒစ်ဇ်၊ ကိုပင်ဟေဂင်၊ ဆိုစီဒက်၊ ဖီယင်နု၊ မိုနာကိုနဲ့ ဗီလာရီးယဲလ်အသင်းတို့က ဥရောပစူပါလိဂ်မကစားဘူးလို့ တရားဝင်ငြင်းဆန်ထားပါတယ်။ ဥရောပစူပါလိဂ်ကို လက်မလျှော့သေးတဲ့ ရီးရဲလ်နဲ့ဘာစီလိုနာအသင်းတွေကို အခုလိုမျိုး ပြောဆိုခဲ့တာဖြစ်ပါတယ်။

#PAN