အဝေးသင်အတန်းများ ကျောင်းအပ်နှံနိုင်ဟု အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပြန်ကြေညာ

ဒီဇင်ဘာ ၂၄

      ၂၀၂၄ ခုနှစ် ပညာသင်နှစ်အတွက် အဝေးသင် သင်တန်းများ ကျောင်းအပ်နှံနိုင်ပြီဟု ပညာရေးဝန် ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာနက ဒီဇင်ဘာလ ၂၃ ရက်မှာ ထုတ်ပြန်ကြေညာခဲ့ပါ သည်။

       ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီး ဌာနက တက္ကသိုလ်နှင့် ဒီဂရီကောလိပ်များ၏ ၂၀၂၄ ခုနှစ်၊ ပညာသင်နှစ်အတွက် ပထမနှစ် အဝေးသင်တက္ကသိုလ်များ၏ ကျောင်းဝင်မှတ် ပုံတင်ခြင်း ဆောင်ရွက်မှုများကို ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၂၆ ရက်မှ ၂၀၂၄ ခုနှစ်၊ မတ်လ ၃၁ ရက်အထိ လက်ခံဆောင်ရွက်သွားမှာဖြစ်သည်ဟုဆိုပါသည်။

       ထို့အပြင် ဒုတိယနှစ်နှင့် အထက် အဝေးသင် သင် တန်းများ၏ ကျောင်းဝင်မှတ်ပုံတင်ခြင်းကို ၂၀၂၄ ခုနှစ် ဖေဖော် ဝါရီလ ၅ ရက်မှ မေလ ၁၇ ရက်အထိ လက်ခံဆောင်ရွက်သွားမှာဖြစ်သည်ဟု ထုတ်ပြန်ထားပါသည်။

#PAN