ဗြိတိန်နိုင်ငံက စီးပွားပျက်ကပ်အတွင်း ရောက်ရှိနေဖွယ်ရှိသည်ကို စာရင်းဇယားများက ညွှန်ပြနေ”

ဒီဇင်ဘာ ၂၄

      ဗြိတိန်နိုင်ငံ၏ စီးပွားရေးရေးမှာ ယခုနှစ်တတိယသုံးလပတ်အတွင်း မမျှော်လင့်ဘဲ ကျုံ့သွားသည်ကို တွေ့ရသည်အတွက် နိုင်ငံအနေဖြင့် စီးပွားပျက်ကပ်အတွင်း ရောက်ရှိနေဖွယ်ရှိသည်ဟု နောက်ဆုံးပြင်ဆင်ထားသည့် အချက်အလက်များက ညွှန်ပြနေကြောင်း သိရသည်။

      နိုင်ငံ၏ တတိယသုံးလပတ်ဂျီဒီပီမှာ ပြီးခဲ့သည့်သုံးလပတ်နှင့် နှိုင်းယှဉ်ပါက သုည ဒသမ ၁ ရာခိုင်နှုန်း ကျဆင်းသွားသည်ကို တွေ့ရသည်။ အမျိုးသားစာရင်း အင်းရုံးက မကြာသေးမီက ထုတ်ပြန်သည့် အချက် အလက်များအရ နိုင်ငံ၏ ဒုတိယသုံးလပတ်အတွက် ဂျီဒီပီမှာ တိုးတက်လာခြင်းမရှိကြောင်း ပြင်ဆင်ထုတ်ပြန်လာသည်။

       ယခင်ထုတ်ပြန်ချက်အရ ဒုတိယသုံးလပတ်အတွင်း စီးပွားရေးတိုးတက်မှု သုည ဒသမ ၂ ရာခိုင် နှုန်းရှိမည်ဟု မျှော်မှန်းထားသော်လည်း ယခုထုတ်ပြန်ချက်အရ ဧပြီလမှ ဇွန်လအတွင်း မည်သည့်တိုးတက်မှုမျှ မရှိကြောင်း ဖော်ပြလာသည်ကို တွေ့ရခြင်းဖြစ် သည်။

       ဗြိတိန်နိုင်ငံအနေဖြင့် ဂျီဒီပီကျဆင်းရသည့် အဓိကအကြောင်းရင်းမှာ ဝန်ဆောင်မှုကဏ္ဍတွင် ရုန်း ကန်နေရမှုများကြောင့် ဖြစ်သည်။ ထိုကဏ္ဍသည် နိုင်ငံ၏စီးပွားရေးတွင် ငါးပုံလေးပုံမျှ ပါဝင်နေသည်။

       စီးပွားပျက်ကပ်ဆိုက်ကပ်ခြင်းဆိုသည်မှာ သုံးလပတ်နှစ်ကြိမ်ဆက်တိုက်နှင့်အထက် ဂျီဒီပီကျဆင်းခြင်းကို သတ်မှတ်ထားခြင်းဖြစ်သော ကြောင့် လက်ရှိထုတ်ပြန်ချက်များအရဆိုပါက ဗြိတိန်နိုင်ငံသည် စီးပွားပျက်ကပ်အတွင်း ရောက်ရှိနေပြီဟု သတ်မှတ်ရခြင်းဖြစ်ကြောင်း စီးပွားရေးပညာရှင်များက ပြောထား သည်ကို RT သတင်း ဌာနတွင် ဖော်ပြထားသည်။

#PAN