ပဲလွန်းဖြူများ အရောင်းအဝယ်ကောင်းနေ

ဒီဇင်ဘာ ၂၄

      မြန်မာနိုင်ငံက ထွက်ရှိသော ပဲလွန်းဖြူများကို ပြည်ပနိုင်ငံများက ဝယ်လိုအားများလာခြင်းကြောင့် မန္တလေးဈေးကွက်တွင် ပဲလွန်းဖြူများ အရောင်း အဝယ်ကောင်းမွန်နေသည်ဟု မန္တလေးကုန်စည်ဒိုင်မှ သိရပါသည်။

      မန္တလေးဈေးကွက်ကို စစ်ကိုင်းတိုင်းဒေသကြီး၊ မြင်းမူမြို့နယ်နှင့် မြောင်မြို့နယ်တို့က ထွက်ရှိသည့် ပဲလွန်းဖြူများ ဝင်ရောက်နေခြင်းဖြစ်ပြီး ပဲလွန်းဖြူ ၃ တင်းဝင်တစ်အိတ်ကို ငွေကျပ် ၁၇၅,၀၀၀ အထိ ပေါက် ဈေးရှိနေသည်ဟု ဆိုပါသည်။

      ယခုလက်ရှိတွင် ပဲလွန်းဖြူများကို ပြည်ပနိုင်ငံများအပြင် ပြည်တွင်းကုန်သည်များကပါ ဝယ်ယူမှု များ ပြားလာပြီး ဈေးကွက်ထဲတွင် အရောင်းအဝယ် ပိုပြီးကောင်းလာသည်ဟု အဆို ပါ ကုန်စည်ဒိုင်မှ သိရပါ သည်။

       ပဲလွန်းဖြူကို ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ် ရေဝင်ဒေသများတွင် မြစ်ရေကျချိန်မှ စတင်စိုက်ပျိုးကြခြင်း ဖြစ်ပြီး ယခုလက်ရှိတွင် တရုတ်နိုင်ငံက ဝယ်ယူမှုများလည်း ရှိနေသည်ဟု ဆိုပါသည်။

#PAN