ဒီဇင်ဘာ ၂၂ ရက်နေ့ တိုက်ပွဲဖြစ်စဥ် သတင်းထုတ်ပြန်ချက်

ဒီဇင်ဘာ ၂၄

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့နယ်၊ အောင်ပုံရွာအနီးတွင် နယ်မြေရှင်းလင်းရေး လုပ်နေသော တပ်မ တော်စစ်ကြောင်းနှင့် အကြမ်းဖက် PDF ၃၀ ဦးတို့ ဒီဇင်ဘာလ ၂၂ ရက်နေ့ နံနက် ၁၁ နာရီအချိန်ခန့်က  ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက် PDF အဖွဲ့သည် အနောက်မြောက်ဖက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့သည်။ အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက် PDF အလောင်း ၁ လောင်း၊ မိုင်း ၃ လုံး၊ Icon ၁ လုံးတို့ကို တပ်မ တော်စစ်ကြောင်းက သိမ်းဆည်းမိခဲ့ပြီး တပ်မ တော်ဘက်တွင် ထိခိုက်မှုမရှိကြောင်း သိရပါ သည်။

       ထို့အပြင် စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့ နယ်၊ ဝင်းကြီးရွာအနီးတွင် နယ်မြေရှင်းလင်း​ရေးစစ် ကြောင်းနှင့် အကြမ်းဖက် PDF ၅၀ ဦးခန့်တို့ မွန်းတည့် ၁၂ နာရီအချိန်ခန့်က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်သမားများ တောင်ဘက်သို့ ဆုတ်ခွာထွက် ပြေးသွားကြသည်။ အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက် PDF အလောင်း ၄ လောင်း၊ ဖောက်ခွဲရေးပစ္စည်းများ၊  Icon ၁ လုံး သိမ်းဆည်းမိပြီး တပ်မတော်ဘက် ထိခိုက်မှုမရှိကြောင်း သိရသည်။

       စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြိုနယ်၊ ကြက် သွန်ခင်းလမ်းဆုံတွင် နယ်မြေရှင်းလင်းရေး တပ်မ တော်စစ်ကြောင်းနှင့် အကြမ်းဖက်သောင်း ကျန်းသူ KIA / PDF ပူးပေါင်း အင်အား ၇၀ ဦးတို့ ညနေ ၅ နာရီအချိန်ခန့်က ထိတွေ့တိုက်ပွားဖြစ်ပွားပြီး လေကြောင်းပစ်ကူယူ၍ ပြန်လည်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက်သောင်းကျန်းသူ KIA / PDF ဖက်မှ ထိခိုက်မှုမသိရသေးဘဲ တပ်မတော်မှ စစ် သည် ၂ ဦး ဒဏ်ရာရရှိခဲ့သည်ဟု သိရပါသည်။

     မွန်ပြည်နယ်၊ ချောင်းနှစ်ခွနယ်မြေရဲစခန်းကို နံနက် ၆ နာရီအချိန်ခန့်တွင် အကြမ်းဖက်သောင်း ကျန်းသူ KNLA တမဟ(၆) နှင့် အကြမ်းဖက် PDF ပူးပေါင်း အင်အား ၁၉၀ ဦးတို့သည် နေရာ ၄ နေရာမှ လက်နက် ကြီး/ငယ်၊ Drop Bomb များဖြင့် လာရောက်တိုက်ခိုက်ခဲ့သည်ဟု သိရပါ သည်။ အဆိုပါတိုက်ပွဲတွင် အကြမ်း ဖက်သောင်း ကျန်းသူဖက် ထိခိုက်သေဆုံးမှု စုံစမ်းဆဲဖြစ်ပြီး တပ်မတော်ဖက်ဘက် ထိခိုက်မှုမရှိကြောင်း သိရသည်။

       ကရင်ပြည်နယ်၊ တောင်ကလေးရဲစခန်းအား အကြမ်းဖက်သောင်းကျန်း သူ KNLA တမဟ(၆) နှင့် အကြမ်းဖက် PDF ပူးပေါင်း အင်အား(စိစစ်ဆဲ)တို့ သည် မွန်းလွဲ ၃ နာရီခန့်က UAV ၁ စီးဖြင့် Bomb ၁ လုံး ကျဲချ တိုက်ခိုက်ခဲ့ရာ အဆိုပါ လက်လုပ် UAV ၁ စီးကို ပစ်ချ သိမ်းဆည်းရမိခဲ့ပြီး ရဲစခန်းဘက်မှ ထိခိုက်မှုမရှိကြောင်း သိရပါသည်။

       ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ဗောဓိကုန်းရဲကင်းစခန်းအား AA သောင်းကျန်းသူ ၅၀ ဦးခန့်က နံနက် ၁၁ နာရီနှင့် မွန်းလွဲ ၁ နာရီအချိန်ခန့်က ၂ ကြိမ် လာရောက်တိုက်ခိုက်ခဲ့ပြီး လုံခြုံ ရေးတပ်ဖွဲ့ဘက်မှ ပြန်လည်ပစ်ခတ်သဖြင့်သောင်းကျန်းသူများ ဆုတ်ခွာသွားခဲ့သည်။ အဆို ပါ တိုက်ပွဲတွင် AA သောင်းကျန်း သူဘက်မှ ထိခိုက်သေဆုံးမှု စုံစမ်းဆဲဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN