စနေနေ့က ဖုန်းခေါ်ဆိုမှုတွင် အပစ်အခတ်ရပ်စဲရေးအတွက် နေတန်ညာဟုကို မတောင်းဆို ခဲ့ဘူးဟုဘိုင်ဒင် က ပြောဆို

ဒီဇင်ဘာ ၂၄

      အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်နှင့် အစ္စရေးဝန်ကြီး ချုပ် ဘင်ဂျမင်နေတန်ညာဟုတို့သည် ဂါဇာကမ်းမြှောင်ဒေသ၌ အစ္စရေး၏ စစ်ရေးလှုပ် ရှားမှုများကို ဒီဇင်ဘာ ၂၃ရက် စနေနေ့က ဖုန်းခေါ်ဆို၍ ဆွေးနွေးခဲ့ကြစဥ် အပစ်အခတ်ရပ်စဲရေးအတွက် နေတန်ညာဟုကို မတောင်းဆိုခဲ့ဘူးဟု ဝါရှင်တန်တွင် သတင်း ထောက်များအား ပြောကြားခဲ့ခြင်း ဖြစ်သည်။

       ထိုသို့ ဖုန်းဖြင့်ဆွေးနွေးရာ စစ်ဆင်ရေး၏ “ရည် မှန်းချက်များ လုပ်ငန်းအဆင့်ဆင့်များ” အပါအဝင်ဖြစ်ကြောင်း အိမ်ဖြူတော်က ပြောကြားခဲ့ပြီး၊ “ဒီနေ့ နေတန်ညာဟုနဲ့ ကျွန်တော် စကားအကြာကြီးပြောခဲ့ပြီး ဒါဟာ သီးသန့်စကား ပြောတာပါ” ဟု ဘိုင်ဒန်က သတင်းထောက်များအား ထည့်သွင်း ပြောကြားခဲ့ကြောင်း ရိုက်တာသတင်းအရ သိရသည်။

      အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟု ကလည်း
အမေရိကန်၏ ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ရပ် တည်ပေးမှုအတွက် ကျေးဇူးတင်ရှိကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်းနှင့် ဖုန်းပြောဆိုစဥ် ထည်သွင်း ပြောကြားခဲ့သည်ဟု နေတန်ညာဟု၏ ရုံးက ထုတ်ပြန်ထားပြီး၊ နေတန်ညာဟုက “၎င်း တို့၏ ရည်မှန်းချက်များ အပြည့်အဝရရှိသည်အထိတိုင်အောင် စစ်ပွဲကို ဆက်လက်လုပ်ဆောင်သွားမည်”ကို ရှင်းရှင်းလင်း လင်း ပြောကြားခဲ့သည်ဟုလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားကြောင်း ရိုက်တာသတင်းအရ သိရသည်။

#PAN