စစ်ကိုင်း၊ အောင်မြေသာစံနှင့် မော်လမြိုင်မြို့နယ်တို့တွင် မူးယစ်ဆေးဝါးများဖမ်းဆီးရမိ

ဒီဇင်ဘာ ၂၄

      မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ် ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ သည် ဒီဇင်ဘာ ၂၂ ရက် နံနက် ၉ နာရီတွင် စစ်ကိုင်းမြို့၊ တကောင်းရပ် ကွက်တွင် TOYOTA HIACE ခရီး သည်တင်မော်တော် ယာဉ်ကို ရပ်တန့်စစ်ဆေးရှာ ဖွေရာ ဘိန်းစိမ်း ၁၈ ကီလိုကိုလည်းကောင်း၊ ထိုနေ့ နံနက် ၁၀ နာရီတွင် အောင် မြေသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်၊ ၈၉ လမ်း၊ ၁၂ x ၁၄ လမ်းကြားရှိကားဂိတ်တွင် ပါဆယ်ပစ္စည်းလာရောက်ထုတ်ယူသူ မနန်းသောရီ(ခ)နန်းစောရီကို စစ်ဆေးရှာဖွေရာ ဘိန်းစိမ်း ၄၅ ဒသမ ၅ ကီလိုကိုလည်းကောင်း ဖမ်းဆီးရမိခဲ့သည်။

      ဒီဇင်ဘာ ၂၁ ရက် ညနေ ၅ နာရီခွဲတွင် မော်လမြိုင်မြို့နယ်၊ ကြာအင်းကျေးရွာအုပ်စု၊ ကြာအင်းကျေးရွာအနီးတွင် သန်းဇော် မောင်းနှင်ပြီး ချစ်လွင် လိုက်ပါလာသည့် မော်တော်ဆိုင် ကယ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေး ပြား ၉၆,၀၀၀ သိမ်းဆည်းရမိခဲ့သည်။

      အဆိုပါ ဖမ်းဆီးရမိ တရားခံများအား မူးယစ်ဆေး ဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဉပဒေအရ အရေးယူထားကြောင်း သိရသည်။

#PAN