အိုပက်အဖွဲ့မှ နုတ်ထွက်တော့မည်ဟု အင်ဂိုလာနိုင်ငံ ကြေညာ

ဒီဇင်ဘာ ၂၃

    ရေနံတင်ပို့ရောင်းချသူများအသင်း(OPEC)မှ နုတ်ထွက်တော့မည်ဟု အင်ဂိုလာနိုင်ငံက ကြေညာခဲ့သည်။ ရေနံထုတ်လုပ်မှုကို နောက်ထပ်လျှော့ချရန် ရည်ရွယ်သည့် ဆွေးနွေးမှုကို အင်ဂိုလာနိုင်ငံက သဘောမတူကြောင်း အစီရင်ခံစာဖော်ပြပြီးနောက် ယခုကဲ့သို့လှုပ်ရှားမှု ထွက်ပေါ်ခဲ့ခြင်းဖြစ်သည်။

      ဒီဇင်ဘာလ ၂၁ ရက်တွင် အင်ဂိုလာ နိုင်ငံက ယခုလိုကြေညာခဲ့ခြင်းဖြစ်သည်။ အိုပက်အဖွဲ့ကြီးအတွင်း ဆက်လက်နေရုံမျှဖြင့် အင်ဂိုလာနိုင်ငံအတွက် မည်သည့်အကျိုးကျေးဇူးမျှ မရနိုင်ကြောင်း နိုင်ငံ၏ အကျိုးစီးပွားအတွက် အဖွဲ့ကြီးမှ နုတ်ထွက်ရန် ဆုံး ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

      နိုဝင်ဘာလအတွင်းက ပြုလုပ်သည့် အိုပက်အဖွဲ့ဝင်နိုင်ငံများနှင့် အခြားသောရေနံထုတ်လုပ်သည့် နိုင်ငံ များ၏ ဝန်ကြီးအဆင့်ဆွေးနွေးပွဲတွင် အင်ဂိုလာနှင့် အခြားသောအာဖရိက အဖွဲ့ဝင်နိုင်ငံများက ၎င်းတို့၏ ရေနံ ထုတ်လုပ်မှု‌လျှော့ချရန် အစီအစဉ်ကို တွန့်ဆုတ်နေကြကြောင်း ဖော်ပြခဲ့သည်။ အင်ဂိုလာနိုင်ငံ၏ နုတ်ထွက်မှု ကြောင့် အိုပက်အဖွဲ့ကြီးတွင် အဖွဲ့ဝင်နိုင်ငံ ၁၂ နိုင်ငံသာ ကျန်ရှိမည်ဖြစ်သည်။

#PAN