အစ္စရေးမှ ဂါဇာကို ပုံစံပြောင်းထားသည့် ပါလက် စတိုင်း အာဏာပိုင်အဖွဲ့ဖြင့် ဦးဆောင်စေလိုကြောင်း အစ္စရေးအမျိုးသားလုံခြုံရေးကောင်စီ အကြီးအကဲက ဆော်ဒီသတင်းစာတွင် ပြောကြား

ဒီဇင်ဘာ ၂၃

      အစ္စရေး အမျိုးသားလုံခြုံရေးကောင်စီ အကြီး အကဲ Tzachi Hanegbi က နိုင်ငံရေး အစွန်း မရောက်သော ပါလက်စတိုင်းအဖွဲ့အစည်းကို ဂါဇာအုပ်ချုပ်ရေး လုပ်ပိုင်ခွင့် အာဏာပေးရန် အစ္စရေးအနေဖြင့် ကြိုးစားလုပ်ဆောင်လျက်ရှိသည်ဟု ဒီဇင်ဘာ ၂၁ ရက်နေ့ ပြောကြားမှုအား ဆော်ဒီသတင်းစာ အယ်ဒီတာ့အာဘော်တွင် ဖော် ပြထားသည်။

       ဆော်ဒီနိုင်ငံထုတ် Elaph သတင်းစာ၌ အောက်တို ဘာ ၇ ရက်နေ့ ဖြစ်စဉ်နှင့် အစ္စရေးနိုင်ငံ၏ စစ်ပြီးချိန် ဂါဇာကမ်းမြှောင် ဒေသတွင်း ဆောင်ရွက်မည့် အစီ အစဉ်များကို Hanegbi ၏ ပြောကြားမှုများအား စေ့စေ့စပ်စပ် ဖော်ပြထားကြောင်း သိရှိရသည်။

      စစ်ပွဲနောက်ဆုံးရလာဒ်များနှင့်စပ်လျဉ်း၍ အစ္စရေး နိုင်ငံ၏ ရပ်တည်မှုအပေါ် ရှင်းလင်းမှုတွင် Hanegbi က အစ္စရေးအစိုးရနှင့် အစ္စရေးကာ ကွယ်ရေးတပ်မ တော်တို့မှ စစ်ရေးလှုပ်ရှားမှုများ မရှိတော့သည့် ဂါဇာကမ်းမြှောင်ဒေသ၏ အနာ ဂတ်ကို ရှုမြင်ပုံကို ဦးတည်ပြောကြားခဲ့ရာ “ပထမဦးဆုံးအနေဖြင့် ကျွန်ုပ်တို့ ကလေးများနှင့် ဂါဇာကမ်းမြှောင်ဒေသရှိ ပါလက်စတိုင်း ကလေးများအတွက် ကောင်းမွန်သော ကမ္ဘာကို ဖန်တီးပေးရန် အရေးကြီးပြီး ၎င်းတို့သည် ရက်စက်၍ သွေးဆာလောင်နေသည့် အာဏာရှင်စနစ်ကို ကြောက် ရွံ့ တုန်လှုပ်နေရခြင်းမရှိဘဲ လွတ်လပ်ပြီး သိက္ခာရှိသော ဘဝတွင် နေထိုင်ဖို့ရန်ထိုက်တန်ပါကြောင်း၊ ပါလက်စတိုင်းရှိ နိုင်ငံရေး အစွန်းမရောက်သော အဖွဲ့များနှင့် အရပ်ဘက်၊ ဂါဇာဒေသခံများ၊ ကျွန်ုပ်တို့၏ နိုင်ငံ တကာ အဖွဲ့အစည်းများနှင့် ဒေသတွင်းနိုင်ငံများရှိ မိတ်ဆွေများနှင့် အတူ တကွ ပူးပေါင်း၍ ဂါဇာဒေသကို မည်သို့ ပြန်လည်တည်ဆောက်မည်ကို ဆန်းစစ်အဖြေရှာမှုများပြုလုပ်ရန်၊ လက်တွေ့ ဘဝသစ်ကို ဖန်တီးရန်၊ ဒေသတွင်းနှင့် နိုင်ငံတကာအဖွဲ့အစည်းများ စုစည်းဖန်တီးရန် လိုအပ်ပါကြောင်း” ပြောကြားခဲ့သည်။

     ဆက်လက်၍ “ရှင်းရှင်းလင်းလင်းပြောကြားလိုသည်မှာ မိမိတို့အနေဖြင့် ဘယ်တော့မှ လက် လျော့သွားမည် မဟုတ်သော မိမိတို့နိုင်ငံသားများ၏ လုံခြုံ ရေးကို သေချာမှုရှိစေရန် ဆန္ဒအပြည့်ရှိပြီး ဂါဇာကမ်းမြှောင်ဒေသရှိ နိုင်ငံသားများအရေးကို ထိန်းချုပ်ရန် စိတ်ဝင်စားမှုမရှိကြောင်း၊ အစ္စ ရေးနိုင်ငံသည် ဟားမတ်စ်တို့ကို ရှင်းလင်းအပြီး နောက်နေ့တွင် ပါလက်စတိုင်း အာဏာပိုင် အဖွဲ့အား စုစည်းစေလိုသည့် နိုင်ငံ တကာအဖွဲ့အစည်းများနှင့် အာရပ်နိုင်ငံများ၏ ဆန္ဒကို သတိ ပြုမိပါကြောင်း၊ အစ္စရေးကိုဆန့်ကျင်အကြမ်း ဖက်လိုမှု မရှိဘဲ သည်းခံစိတ်ရှိပြီး အစွန်းမရောက်သော စံနှုန်းများအောက်တွင် ရှိသည့် Jericho, Jenin, Ramallah, Gaza တို့မှ လူငယ်မျိုးဆက် များကို ပျိုး ထောင်၍ ဦးစီးဦးဆောင်ဖြစ်အောင် ဦးတည်လုပ် ဆောင်မည့် အခြေခံကျကျ ပြုပြင် ပြောင်းလဲထားသည့် ပါလက်စတိုင်းအာဏာပိုင်အဖွဲ့ကို လို အပ်လျက်ရှိကြောင်း၊ ယခုရှိနေသည့် PA အဖွဲ့၏ ဖွဲ့စည်းမှုပုံစံသည် ယင်းသို့ ပြုလုပ်ရန် အခက် အခဲရှိနေကာ ဒေသတွင်း နိုင်ငံများနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ အကူ အညီများနှင့်ထောက်ပံ့မှုများ အများအပြား လိုအပ်လျက်ရှိနေကြောင်း၊ အစ္စရေးနိုင်ငံအနေဖြင့် ယင်းကြိုးပမ်းမှုများအတွက် အဆင်သင့်ရှိသည်” ဟု ၎င်းက ဆက် လက်ပြောကြားခဲ့ကြောင်း Jerusalem Post သတင်းတွင် ဖော်ပြထားသည်။

#PAN