ဥရောပစူပါလိဂ်ပြိုင်ပွဲ ကျင်းပခွင့်ရရှိတာကြောင့် ရီးရဲလ်အသင်းနှင့် ဘာစီလိုနာအသင်းတို့ ယူရို ၁ ဘီလီယံခန့် ရရှိမည်

ဒီဇင်ဘာ ၂၂

      လာလီဂါထိပ်သီးနှစ်သင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်အသင်းနှင့် ဘာစီလိုနာအသင်းတို့ဟာ ဥရောပစူပါလိဂ်ပြိုင်ပွဲ ကျင်းပခွင့်ရရှိပြီဖြစ်သော ကြောင့် Loyalty Bonus အဖြစ် ယူရို ၁ ဘီလီယံဝန်းကျင် ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

      ရီးရဲလ်အသင်းနှင့်ဘာစီလိုနာအသင်းတို့ဟာ ဥရောပစူပါလိဂ်ပြိုင်ပွဲကျင်းပရန် ဦးဆောင်လှုပ်ရှားခဲ့တဲ့အသင်းတွေ ဖြစ်ပြီး ၂၀၂၁ ခုနှစ်မှာ စတင်အဆိုပြုခဲ့စဉ်က ၎င်းတို့နှင့်အတူ အခြားဥရောပထိပ်သီး ကလပ်အသင်း ၁၀ သင်း ပါဝင်ခဲ့ပါ တယ်။

      အဆိုပါ ၁၀ သင်းဟာ ပရိသတ်များရဲ့ ဆန့်ကျင်ကန့်ကွက်မှုများနှင့် ရင်ဆိုင်ခဲ့ရတဲ့အတွက် အသင်းအချို့ နုတ်ထွက်သွားခဲ့ပြီး နုတ်ထွက်သွားခဲ့ပြီး ရီးရဲလ်အသင်းနှင့် ဘာစီလိုနာအသင်းတို့သာ ကျန်ရှိခဲ့တာ ဖြစ်ပါတယ်။ ဒါကြောင့် ဥရောပစူပါလိဂ်ပြိုင်ပွဲကို စတင် တည်ထောင်ထားတဲ့ A22 ကုမ္ပဏီနှင့် သဘောတူညီထားမှုအရ ရီးရဲလ်အသင်းနှင့် ဘာစီလိုနာအသင်းတို့ Royality Bonus ကြေး ရရှိမှာ ဖြစ်ပါတယ်။

#PAN