ဒီဇင်ဘာ ၂၂
ဂါဇာမြောက်ပိုင်းရှိ ဟားမတ်စ်စစ်သွေးကြွများ အသုံးပြုသည့် မြေအောက်ဥမင်လိုဏ်ခေါင်းများကို ရှာဖွေတွေ့ရှိခဲ့ကြောင်းနှင့် စစ်ဆင်ရေးများကို ထပ်မံဆောင်ရွက်သွားမည်ဟု အစ္စရေးစစ်တပ်က ပြောကြားသည်။
အစ္စရေးတပ်ဖွဲ့ဝင်များသည် ဟားမတ်စ်ခေါင်း ဆောင်များ အသုံးပြုသည့် မြေအောက်အဆောက် အအုံ ကွန်ရက်တစ်ခုကို တွေ့ရှိခဲ့ကြောင်း အစ္စရေးစစ်တပ် ပြောရေးဆိုခွင့်ရှိသူဒန်နီရယ်ဟာဂါရီက ယမန်နေ့တွင် ပြောကြားခဲ့သည်။
ဟားမတ်စ်စစ်သွေးကြွအဖွဲ့၏ မြေပြင်စစ် ဆင်ရေးများတွင် အသုံးပြုသည့် လက်နက်များကို ရှာဖွေတွေ့ရှိခဲ့ကြောင်း ၎င်းက မှတ်ချက်ပြု ပြောကြားခဲ့သည်။
“ဒီလိုဥမင်လိုဏ်ခေါင်းတွေကို တွေ့ ရှိခဲ့တာဟာ ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းမှာ ရှိတဲ့ ဟားမတ်စ်တွေရဲ့ မြေအောက်မြို့တော်ကို တွေ့ရှိ ခြင်းဖြစ်ပြီး မဟာဗျူဟာကျတဲ့ နေရာတွေမှာ တည်ရှိနေတဲ့ ဟားမတ်စ်အဖွဲ့ရဲ့ အခြေခံအဆောက်အအုံအားလုံးကို ဖျက် ဆီးပစ်မယ်” ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးစစ်တပ်၏ စစ်ဆင်ရေးစတင်ချိန်မှစ၍ သေဆုံးသူဦးရေ
၂၀၀၀၀ ကျော်ရှိပြီဟု အယ်လ်ဂျာဇီးယားရုပ်မြင် သံကြားဌာနက ပြောကြားသည်။
#PAN