ဂျပန်နိုင်ငံ၌ ဉာဏ်ရည်တု နည်းပညာလုံခြုံရေးဆိုင်ရာ အမျိုးသားအင်စတီကျု ဇန်နဝါရီလတွင် ဖွင့်လှစ်မည်

ဒီဇင်ဘာ ၂၂

      ဂျပန်ဝန်ကြီးချုပ် ကီရှီဒါသည် မျိုးဆက်သစ်
ဉာဏ်ရည်တုနည်းပညာကို ပြည်သူများ ဘေးကင်းလုံခြုံစွာ အသုံးပြုနိုင်ရန်နှင့် လူ့အဖွဲ့အစည်းအတွက် အကျိုးကျေးဇူးများမြှင့်တင်ရန် ရည်ရွယ်ပြီး အထောက်အကူပြုနည်းလမ်းများကို လေ့လာရန် အမျိုးသားအင်စတီကျုကို ၂၀၂၄ ခုနှစ် ဇန်န ဝါရီလတွင် ဖွင့်လှစ်ရန် စီစဉ်ထားကြောင်း ပြောကြားသည်။

       ဂျပန်နိုင်ငံ၏ ဉာဏ်ရည်တုနည်းပညာ မဟာဗျူ ဟာဆိုင်ရာ အစိုးရအဖွဲ့အစည်းအဝေးတစ်ခုတွင်ဉာဏ်ရည်တုနည်းပညာ လုံခြုံရေးဆိုင်ရာ အမျိုးသားအင်စတီကျုကို တည်ထောင်သွားမည့်အစီအစဉ်ကို ဆွေး နွေးခဲ့ခြင်းဖြစ်သည်။

      ကမ္ဘာတစ်ဝန်း၌ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ပတ်သက်၍ စိုးရိမ်မှုများ မြင့်တက်လျက်ရှိစဉ် ဗြိတိန် နှင့် အမေရိကန်နိုင်ငံတို့သည် မျိုးဆက်သစ် ဉာဏ်ရည် တုဆိုင်ရာ သုတေသန ပြုလုပ်ရန် အင်စတီကျုများကို ထူထောင်လျက်ရှိကြောင်း ဝန်ကြီးချုပ် ကီရှီဒါက ဆို သည်။

      ဉာဏ်ရည်တု နည်းပညာများ၏ ဘေးကင်းမှုကိုအကဲဖြတ်ရန်နှင့် စံချိန်စံညွှန်းများ အကောင် အထည်ဖော်ရေး နည်းလမ်းများကိုလေ့လာရန် အင်စတီကျု တစ်ခု ထူထောင်ရန်လိုအပ်ကြောင်း ဂျပန်ဝန်ကြီးချုပ် ကီရှီဒါက ပြောကြားသည်။

      ထို့ပြင် အစည်းအဝေး၌ ဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်ရန်နှင့် စီးပွားရေးလုပ်ငန်းအားလုံးအတွက်ရည်ရွယ်အသုံးပြုသည့် အစိုးရလမ်းညွှန်ချက်ဆိုင်ရာ နောက်ဆုံးမူကြမ်းကိုလည်း အတည်ပြုခဲ့သည်။

     ဉာဏ်ရည်တုနှင့်ပတ်သက်ပြီး ချမှတ်ထားသော စည်းမျဉ်းများကို လိုက်နာရန်နှင့် လူသားများ၏စိတ်ခံစားမှုများကို ဥပဒေမဲ့ကြိုးကိုင်ရန်ရည်ရွယ်ချက်ဖြင့် ဉာဏ်ရည်တုနည်းပညာဖွံ့ဖြိုးတိုးတက်မှု၊ ပံ့ပိုးမှုနှင့် အသုံးပြုမှုကို ဆန့်ကျင်ကြရန် အဆိုပါလမ်းညွှန်ချက်များတွင် သတိပေးထားသည်။

      ဂျပန်အစိုးရသည် လာမည့်နှစ် မတ်လတွင် လမ်း ညွှန်ချက်၏နောက်ဆုံးဗားရှင်းကို မထုတ်ပြန်မီ သဘောထားမှတ်ချက်များကို ပြည်သူများ၏ တောင်း ခံသွားမည်ဖြစ်ကြောင်း သိရသည်။

#PAN