လာမည့် ဇန်နဝါရီတွင် ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအတွက် CI ထုတ်ပေးရေးစခန်း ၅ ခုနှင့် Mobile Unit ၃ ခု ဖွင့်မည်

ဒီဇင်ဘာ ၂၂

     ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားများအတွက် မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် (Certificate of Identity-CI) ထုတ်ပေးရေးစခန်း ၅ ခုနှင့် Mobile Unit ၃ ခုတို့ကို လာမည့် ဇန်နဝါရီလ ၄ ရက်တွင် ဖွင့်လှစ်သွားမည်ဟု  အလုပ်သမားသံအရာရှိရုံးမှ သိရပါသည်။

       ၎င်း CI စခန်း ၅ ခုကို ထိုင်းနိုင်ငံ စမွတ်စခွန်၊ စမွတ်ပရာကန်၊ ချွန်ပူရီ၊ ပထုံဌာနီနှင့် ဆူရတ်ဌာနီတို့တွင် ဖွင့်လှစ်သွားမည်ဖြစ်ပြီး Mobile Unit စခန်း ၃ ခုကို ချင်းမိုင်၊ နခွန်စဝမ်မိုဘိုင်းနှင့် ဆုန်ခလာတို့တွင် ဖွင့်လှစ်သွားမည်ဟု သိရပါသည်။ 

      ထိုင်းအစိုးရအဖွဲ့၏ ဆုံးဖြတ်ချက်အရ ထိုင်းအလုပ်ရှင်များမှ အမည်စာရင်းတင်သွင်းထားသည့် မြန်မာအလုပ်သမား ၉ သိန်း ခန့်ရှိသည်ဟု ဆိုပါသည်။

#PAN