ဘီးလင်းမြို့နယ်အတွင်း ဘုရားပွဲတွင် မွန်ဇာတ်သဘင်တစ်ခု ကပြဖျော်ဖြေနေစဉ် အကြမ်းဖက် သောင်းကျန်းသူ PDF အဖွဲ့က လက်ပစ်ဗုံး ပစ် ခတ်ဖောက်ခွဲ အပြစ်မဲ့ပြည်သူ တစ်ဦး သေဆုံး၊ ၄ ဦး ထိခိုက်ဒဏ်ရာရ

ဒီဇင်ဘာ ၂၂

      မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ၊ ယွန်းဒလင်းကုန်းကျေးရွာအုပ်စု၊ ကော့ကမယ်ကျေးရွာတွင် ဘုရားပွဲ၌ မွန်ဇာတ်သဘင် ကပြဖျော်ဖြေနေစဉ် ယမန်နေ့ ညသန်းခေါင်အချိန်တွင် အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့က လက်ပစ်ဗုံး ပစ် ခတ်ဖောက်ခွဲခဲ့ရာ အပြစ်မဲ့ပြည်သူ ၁ ဦးသေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများထံမှ သိရပါသည်။

      ဘီးလင်းမြို့၏ အနောက်ဘက် ၁၀ မိုင်ခန့်အကွာ ယွန်းဒလင်းကုန်းကျေးရွာအုပ်စု၊ ကော့ကမယ်ကျေးရွာရှိ ကိုးနဝင်းစေတီတော်ဘုရားပွဲတွင် “ပြည်ချမ်းသာ” မွန်ဇာတ်သဘင်ဖြင့် ၂၀၂၃ ဒီဇင်ဘာ ၁၉ ရက်မှ ၂၁ ရက်အထိ ကပြဖျော်ဖြေမည်ဖြစ်ပြီး ယမန်နေ့ ည ၁၂ နာရီအချိန်ခန့်တွင် အဆိုပါ ဇာတ်သဘင်ကပြနေစဥ် ဇုတ်သုတ်ကျေး ရွာဘက်မှ   ဆိုင်ကယ်အမျိုးအစား (စိစစ်ဆဲ) ၁ စီးဖြင့် အကြမ်းဖက်သောင်းကျန်းသူ PDF (စိစစ်ဆဲ)အဖွဲ့မှ အမည်မသိ အမျိုးသား ၂ ဦးရောက်ရှိလာပြီး ဆိုင်ကယ်နောက်မှလိုက်ပါ စီးနင်းလာသည့် အမျိုးသား(စိစစ်ဆဲ)က ဘုရားပွဲကျင်းပရာ နေရာအနီးအရောက်တွင် ကားလမ်မပေါ်မှ လက် ပစ်ဗုံး ၁ လုံးပစ်ပေါက်ခဲ့ရာ ပေါက်ကွဲမှုဖြစ်ပွားပြီး ဘုရားပွဲတွင် ဆိုင်ကယ်အပ်နှံ/လက်ခံရေး ဆောင်ရွက်နေသူ ၅ ဦးကို ဗုံးစထိမှန်ခဲ့ခြင်း ဖြစ် သည်ဟု ဆိုသည်။

      ထိုသို့ ဗုံးပေါက်ကွဲခင်းကြောင့် ဥက္ကာကျော် ၁၇ နှစ်၊ (ဘ) ဦးကျော်မင်းထိုက်၊ ကျပန်း၊ ပေါက်တောကျေး ရွာ၊ ဘီးလင်းမြို့နယ်နေသူတွင် ဝဲပါးပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲရင် ညွန့်ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ယာနို့အုံ ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ယာခါး ပေါက်ပြဲ ဒဏ်ရာ ၁ ချက်၊ ယာပေါင်ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲလက်ဖျံပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဦးခေါင်းထိပ်ပေါက်ပြဲဒဏ် ရာ ၁ ချက်ဖြင့် သေဆုံးခဲ့ပြီး ဦးကျော်မင်းထိုက် ၊ ၄၃ နှစ်၊(ဘ) ဦးသံချောင်း၊ကျပန်း၊ ပေါက်တောကျေးရွာ၊ ဘီးလင်းမြို့နယ်နေသူတွင် ယာလက်ဖျံ ပေါက်ပြဲဒဏ် ရာ ၁ ချက်၊ ဝဲလက်ခုံ ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲနံ စောင်း ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲဒူး ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲပေါင် ပေါက်ပြဲဒဏ် ရာ ၁ ချက်၊ ယာခြေ သလုံး ပေါက် ပြဲဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)ဒဏ်ရာ၊ ဦးသူလင်း ၊၄၅ နှစ်၊(ဘ) ဦးမြင့်သိန်း၊ ကျောက်တလုံးကျေး ရွာ၊ ပေါက်တောကျေးရွာအုပ်စု၊ ဘီးလင်းမြို့ နယ်နေသူတွင် ဝဲခြေသလုံးပေါက်ပြဲ ဒဏ်ရာ ၁ ချက်၊ ဝဲ တကောက်ကွေး ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲပါး ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ယာလက်ဖျံ ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲဂျိုစောင်း ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲပခုံးပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲနဖူး ပေါက်ပြဲဒဏ်ရာ ၁ ချက် (စိုးရိမ်ရ)ဒဏ်ရာ၊ ဦးသိုက်စိုး၊ ၄၀ နှစ်၊(ဘ) ဦးထွန်းလွင်၊ ကျပန်း၊ ကျောက်တလုံးကျေးရွာ၊ ပေါက်တောကျေးရွာ အုပ်စု၊ ဘီးလင်းမြို့နယ်နေသူတွင် ဝဲပါး ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ဝဲမေးစေ့ ပေါက်ပြဲဒဏ် ရာ ၁ ချက်၊ ဝဲနား ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ယာပခုံး ပေါက် ပြဲဒဏ်ရာ ၁ ချက်၊ ဝဲခြေသလုံးပေါက် ပြဲဒဏ်ရာ ၁ ချက်၊ ဝဲနားနောက် ပေါက်ပြဲဒဏ်ရာ ၁ ချက်( စိုးရိမ်ရ) ဒဏ်ရာ၊ အောင်စိုးသန့်၊ ၄၇ နှစ် ၊ (ဘ) ဦးတင်အေး၊ ဗမာ/ဗုဒ္ဓ၊ ကျပန်း၊ ကော့ကမယ်ကျေးရွာ၊ ယွန်းဒလင်းကုန်းကျေးရွာအုပ်စု၊ ဘီးလင်းမြို့နယ်နေသူတွင် ယာပခုံး ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ယာလက်မောင်း ပေါက် ပြဲဒဏ် ရာ ၁ ချက်၊ ယာ ခါး ပေါက်ပြဲဒဏ်ရာ ၁ ချက်၊ ယာနံစောင်း ပေါက်ပြဲဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ) ဒဏ်ရာများ အသီးသီးရရှိခဲ့ကြောင်း သိရပါသည်။

     အဆိုပါ ပြစ်မှုကျုးလွန်သူ အကြမ်းဖက်သောင်း ကျန်းသူ PDF များသည် ဘီးလင်း – ဇုတ်သုတ် – တောင်စွန်းလမ်းအတိုင်း တောင်စွန်းဘက်သို့ မောင်းနှင် ထွက်ခွာသွားပြီး ဖြစ်စဉ်နှင့်ပတ်သက်၍ အမှုရေးဖွင့်ဆောင်ရွက်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN