မြန်မာလုပ်သား ၁,၀၀၀ ဝန်းကျင်ခေါ်ယူရန် ဂျပန်ကမ်းလှမ်း

ဒီဇင်ဘာ ၁၈

      မြန်မာလုပ်သားဦးရေ ၁,၀၀၀ ဝန်းကျင်ခေါ်ယူရန် ဂျပန်ကုမ္ပဏီများက ကမ်းလှမ်းထားသည်ဟု တိုကျိုမြို့ရှိ မြန်မာသံရုံးမှ သိရပါသည်။ ဒီဇင် ဘာလ ၁ ရက်မှ ၁၅ ရက်အတွင်း ပေးပို့ထားသည့် အလုပ်ကမ်းလှမ်းစာ ၃၅၅ ခုတွင် အမျိုးသား ၃၀၀ ကျော်နှင့် အမျိုးသမီး ၆၀၀ ကျော် စုစု ပေါင်း အယောက် ၁,၀၀၀ နီးပါးခေါ်ယူရန် ကမ်း လှမ်းထားခြင်း ဖြစ်ပါသည်။

      တိုကျိုမြို့၊ မြန်မာသံရုံးအနေနှင့် အလုပ်သမားဝန်ကြီးဌာနက နိုင်ငံခြားရေးဝန်ကြီးဌာနမှတစ်ဆင့် ပေးပို့လာသည့် အလုပ်ကမ်းလှမ်းစာများကို စိစစ်ပြီးပြန်လည်အကြောင်းကြားပေးနေသည်ဟု သိရပါ သည်။ ယခုလို စိစစ်ရာ၌ ဂျပန်နိုင်ငံရှိ အလုပ်သမားကြီးကြပ်ရေးကုမ္ပဏီနှင့် အလုပ်ခေါ်ယူသည့် စက်ရုံ/ကုမ္ပဏီများမှာ ဂျပန်နိုင်ငံတွင် တရားဝင်တည်ထောင်ထားခြင်း ရှိ/မရှိကို စာရွက်စာတမ်းအထောက်အထားများ စိစစ်ပြီး တွေ့ရှိချက်များ၊ သဘောထားမှတ်ချက်များကို နိုင်ငံခြားရေးဝန်ကြီးဌာနမှ တစ်ဆင့် အလုပ် သမားဝန်ကြီးဌာနသို့ ပြန်လည်ပေးပို့အကြောင်း ပြန်နေသည်ဟု သိရပါသည်။

#PAN