မြင်းခြံမြို့နယ်၊သစ်ရုံကျေးရွာအနီး၊မြင်းခြံ-မြို့သာသွား ကားလမ်းမပေါ်တွင် ပြည်သူ့စစ်အရန်အဖွဲ့ဝင် တစ်ဦး သတ်ဖြတ်ခံရ

ဒီဇင်ဘာ ၁၆

      မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ငပြင်းအင်းကျေးရွာအုပ်စု၊ငပြင်းအင်းကျေးရွာတွင် အုပ်ချုပ်ရေးမှူးဖြစ်သူကို အကြမ်းဖက် သမား PDF များက ယနေ့ မွန်းလွဲပိုင်းတွင် သေ နတ်ဖြင့် ပစ်ခတ်သတ်ဖြတ် ထွက်ပြေးသွားကြောင်း သိရပါသည်။

     စဉ့်ကူးမြို့နယ်၊ငပြင်းအင်းကျေးရွာအုပ်စု၊ငပြင်းအင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဝင်းနိုင်၊၅၆နှစ်၊(ဘ)ဦးကျော်အေး၊တောင်သူသည် စဉ့်ကူးမြို့မှ ဆိုင်ကယ်ဖြင့် တစ်ဦးတည်း ငပြင်းအင်းကျေးရွာသို့ ပြန် လာစဉ် ယနေ့ မွန်းလွဲ ၁၂ နာရီ ၁၀ မိနစ်အချိန်ခန့် ကျေးရွာ၏တောင်ဘက်သို့ အရောက်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ခင်ဦးမြို့ နယ်၊ ရုံးပင်ကျေးရွာဘက်မှ အကြမ်းဖက် PDF ၄ ဦး၊ဆိုင်ကယ်၂စီး​ဖြင့် ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်၍ မြောက်ဘက်သို့ မောင်းနှင်ထွက် ပြေးသွားခဲ့ကြောင်း သိရှိရပါသည်။

      ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဦးကျော်ဝင်းနိူင် တွင် ဝဲ – နားထင် ပွင့်ထွက်ရာ ၁ ချက်၊ ဝဲ – ပုခုံး ဖောက်ထွက်ဒဏ်ရာ ၁ ချက်တို့ဖြင့် အခင်း ဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း၊ အခင်းဖြစ်နေရာအနီးမှ ၅.၅၆ ကျည်ခွံ ၃ ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။

#PAN