ပေါင် ၆ ဒသမ ၁ သန်းတန်အထိ ရရှိခဲ့တဲ့ မက်ဆီရဲ့ ဂျာစီ

ဒီဇင်ဘာ ၁၆

    ၂၀၂၂ ကမ္ဘာ့ဖလားကာလအတွင်း မက်ဆီ ဝတ်ဆင်ကစားခဲ့တဲ့ အာဂျင်တီးနားအသင်းဝတ်စုံ ၆ ထည်ကို နယူးယောက်မြို့မှာ လေလံတင်ရောင်းချခဲ့ပြီး ပေါင် ၆ ဒသမ ၁ သန်းရရှိခဲ့ပါတယ်။

     မက်ဆီ က အာဂျင်တီးနားအသင်းအတွက် ၂၀၂၂ ကမ္ဘာ့ဖလားမှာ ၇ ပွဲကစားခဲ့ပေမယ့် သြစတြေးလျနဲ့ပွဲမှာ တစ်ဖက်အသင်း ကစားသမားနဲ့ အင်္ကျီချင်းလဲခဲ့လို့ ၆ ထည်သာ လေလံတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။ အဆိုပါ ကမ္ဘာ့ဖလား အောင်ပွဲကြောင့် မက်ဆီ အနေနဲ့  Ballon d’or ဆုကို စံချိန်တင်အဖြစ် (၈)ကြိမ်မြောက် ရရှိခဲ့ပါတယ်။

      ဘောလုံးသမိုင်းတစ်လျှောက် တန်ဖိုးအမြင့်မားဆုံး လေလံအောင်ခဲ့တာကတော့ ၁၉၈၆ ကမ္ဘာ့ဖလားတုန်းက အာဂျင်တီးနားအသင်းရဲ့ ဂန္ထဝင်ကစားသမား မာရာဒိုနာ လက်နဲ့ပုတ်ပြီးသွင်းယူခဲ့တဲ့ အင်္ဂလန်အသင်းနဲ့ပွဲမှာ ဝတ်ဆင်ခဲ့တဲ့ ဝတ်စုံဖြစ်ပြီး ပေါင် ၇ ဒသမ ၁ သန်းအထိ ရရှိခဲ့ပါတယ်။

#PAN