အင်းစိန် နည်းပညာတက္ကသိုလ်ဝင်းအတွင်း CDM ဝန်ထမ်းလိုင်းခန်းများကို ဒုပါမောက္ခချုပ် ဦးဆောင် ၍ ဖျက်ဆီးဖယ်ရှား ဟု ပြည်ဖျက်မီဒီယာများမှ မဟုတ်မမှန် သတင်းတု သတင်းမှားများ ဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ ၁၂

      အင်းစိန် နည်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်းရှိ CDM ဝန်ထမ်းများ၏ နေအိမ်များကို ဒုတိယပါမောက္ခချုပ် ဦးဆောင်၍ ဖျက်ဆီး ဖယ်ရှားခဲ့သည်ဟု  တရားမဝင် ပြည်ဖျက် မီဒီယာများမှ မဟုတ်မမှန် ကောလာဟလ သတင်းအမှားများအား ရေးသားဖြန့်ဝေ ထားကြောင်း တွေ့ရှိရသည်။


      အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ “ရန်ကုန်နည်းပညာတက္ကသိုလ်ဝင်းအတွင်း CDM ဝန်ထမ်းလိုင်းခန်းများအား ဖျက်ဆီးခြင်း မရှိပါကြောင်း၊ သတင်းအမှားသာဖြစ်ကြောင်း” သိရှိရပါသည်။

       သို့ဖြစ်ပါ၍ တရားမဝင် ပြည်ဖျက်မီဒီယာများက အများပြည်သူ စိတ်အနှောင့်အယှက် ဖြစ်စေရန်ရည်ရွယ်ပြီး လူမှုကွန်ရက်စာမျက်နှာပေါ်တွင် မဟုတ်မမှန်ဇာတ်လမ်းဆင်၍ လုပ်ကြံ ဖန်တီးရေးသားထားသော သတင်းတု သတင်းမှားသာ ဖြစ်ကြောင်း သတင်းရရှိသည်။