ဒီဇင်ဘာ ၁၂
ရန်ကုန်တိုင်း၊ အင်းစိန်မြို့နယ်၊ ကြို့ကုန်းရပ်ကွက်၊ အင်းစိန်လမ်းမကြီးပေါ်ရှိ ရေမြောင်းအစပ်၌ ထိုးသွင်းဒဏ်ရာ(၁၀)ချက်ကျော်ဖြင့် သတ်ဖြတ်ခံထားရသည့် အမျိုးသားအလောင်းကို ယနေ့ နံနက် ၉ နာရီ ၃၅ မိနစ်အချိန်ခန့်တွင် တွေ့ရှိခဲ့ကြောင်း တွဲလက်လူမှုကူညီရေးအသင်းထံမှ သိရသည်။
အဆိုပါသေဆုံးသူအမျိုးသားသည် အင်းစိန်မြို့နယ်တွင် နေထိုင်သည့် အသက်(၆၀)နှစ်အရွယ် ဦးသက်နိုင်ဖြစ်ပြီး ပြတ်ရှ၊ ထိုးသွင်းဒဏ်ရာ (၁၀)ချက်ကျော်ဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် သေဆုံးသူအမျိုးသား၏ရုပ်အလာင်းအား တွဲလက်လူမှုကူညီရေးအသင်းမှ အင်းစိန်ဆေးရုံရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်းပြီး အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးအဖွဲ့က စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း၌ အင်းစိန်လူမိုက်ဟုလူသိများသည့် ဦးကျော်ဝင်းစိန်သည်လည်း ကြည်မြင့်တိုင်မြို့နယ်တွင် အုပ်စုလိုက်ဓားဖြင့် ခုတ်သတ်ခံခဲ့ရသည့် ဖြစ်စဉ်ဖြစ်ပွားခဲ့ဖူးသည်။
Telegram link
https://t.me/positiveanglenews
