ဖျာပုံမြို့နယ်၊ ချောင်းတွင်းကျေးရွာအရှေ့ဖက်၊ ကျွန်းချောင်းကြီး ဆန်စက်ဝန်းအတွင်းမှ လူသတ်အကြမ်းဖက် PDF ၉ ဦးအား ဖောက်ခွဲရေးဆက် စပ်ပစ္စည်းများနှင့် အတူဖမ်းဆီးရမိ

ဒီဇင်ဘာ ၁၂

     ယနေ့ ညနေ ၅ နာရီအချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံမြို့နယ်၊ ချောင်းတွင်းကျေး ရွာအရှေ့ဖက်၊ ကျွန်းချောင်းကြီး ဆန်စက်ဝန်းအတွင်း၌ လူ သတ်အကြမ်းဖက် PDF ၉ ဦးအား ဖောက်ခွဲရေး ဆက် စပ်ပစ္စည်းများနှင့် အတူဖမ်းစီးရမိကြောင်း သိရှိရပါ သည်။

ဖြစ်စဉ်တွင် ကျွန်းချောင်းကြီး ဆန်စက်ဝန်းအတွင်းတွင် ဖျာပုံမြို့အမှတ်(၁)ရပ်ကွက်နေ၊ ဦးထက်လင်း ဦးဆောင်သော လူသတ်အကြမ်းဖက် PDF ၉ ဦးအား ပစ္စတိုသေနက် ၁ လက်၊ ကျည်ဆံ ၁၀ တောင့်၊ ဗုံးသီး  ၂ လုံး၊ ဒရုန်း ဆက်စပ်ပစ္စည်း ၅ ခုနှင့် အခြားအကြမ်း ဖက်ဖောက်ခွဲရေး ဆက် စပ်ပစ္စည်းများ ဖမ်းစီးရမိခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ အကြမ်းဖက် PDF ၉ ဦး ဖမ်းဆီးရမိသည့် နေအိမ်သည် ချောင်းတွင်းကျေးရွာ NLD ပါတီဥက္ကဌ ဦးသန်းလွင်နေအိမ်ဖြစ်ပြီး၊ ၄င်းအပါအဝင် သားဖြစ်သူ နှစ်ဦးပါ ဖမ်းဆီးခံရမှုတွင် ပါဝင်ခဲ့ကြောင်း သိရသည်။

      အလားတူ ဒီဇင်ဘာ ၅ ရက်နေ့ ညနေပိုင်းက လေး မျက်နှာမြို့နယ်အတွင်း အကြမ်းဖက် PDF ၁၈ ဦးကို ဖမ်းဆီးရမိကြောင်း၊ ကွင်းကြီးကျေး ရွာ၊ ချင်းလယ် အနောက်ခြမ်းဒေသနှင့် ကျုံပျော် မြို့နယ်မှလည်း ပါ ဝင်ကြောင်း၊ ထောက်ပို့နှင့်အဓိကပါတ်သက်ပြီး စစ်ဆေးလျှက်ရှိကြောင်းသိရပါသည်။

       ထို့အပြင် ဒီဇင်ဘာ ၆ ရက်နေ့တွင် ဒေးဒရဲမြို့နယ်၊ ကျုံ​မှော်​ကျေးရွာမှ အကြမ်းဖက် PDF နှစ်ဦးကို RPG တစ်လက်၊ ဗုံးသီးများနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း၊ ၎င်း တရားခံနှစ်ဦးမှာ ကွမ်းခြံကုန်းမြို့နယ်၊ မရမ်း​ကျေးရွာ​နေ ဇေယျာ ဖြိုး(ခ)ကရင်(ခ)​မောင်စိုး(ခ)ဖလိုးမူး(ဘ)ဦးမြင့်လွင်၊ ၂၈ နှစ်(​ရန်ကုန်​တောင်ပိုင်းခရိုင်၊ပကဖ-ဇုံ ၁ အဖွဲ့ဝင်)နှင့် ကွမ်းခြံကုန်းမြို့နယ်​၊ ပေကုန်းကျေး ရွာ​နေ ဇော်ထက်ဦး(ဘ)ဦးသန်း​ဇော်၊ ၃၂ နှစ်တို့
ဖြစ်ပြီး​ ဒေးဒရဲမြို့နယ်၊ ကျုံ​မှော်​ကျေးရွာရှိ ​ဇော်ထက်ဦး ၏ လယ်တဲတွင် ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN