စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ အကြမ်းဖက် PDFစခန်းများ တပ်မတော်စစ်ကြောင်း၏ ရှင်းလင်းခြင်းခံနေရ

ဒီဇင်ဘာ ၁၂

ယနေ့ နံနက် ၉ နာရီအချိန်ခန့်တွင် စစ်ကိုင်းတိုင်းဒေသကြီး ၊ စစ်ကိုင်းမြို့နယ်တွင် နယ်မြေလုံခြုံရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့များသည် ပန်းချီကျေးရွာအနီး အကြမ်းဖက် PDF များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ကြောင်းသိရှိရပါသည်။

ယင်းထိတွေ့တိုက်ပွဲတွင်
အကြမ်းဖက် PDF အသေ ၂ လောင်း ၊ အမ်၂၂ သေနတ် ၁ လက် ၊ အမ်၂၂ ကျည် ၄၇ တောင့် ၊ အမ်၂၂ ကျည်အိမ် ၁ ခု
၊ အိုင်ကွန် ၁ လုံးတို့ကို သိမ်းဆည်းရမိကြောင်း သိရှိရပါသည်။

လတ်တလောအခြေအနေတွင် စစ်ကိုင်းတိုင်းဒေသကြီးအတွင်း၌ တပ်မတော်စစ်ကြောင်းတပ်ဖွဲ့များသည် ထိုးစစ်ဆင်လုပ်ဆောင်လာလျှက်ရှိရာ အကြမ်းဖက် PDF စခန်းများ ၊အကြမ်းဖက်အဖွဲ့များ များစွာကျဆုံးလျှက်ရှိကြောင်း သတင်းမီဒီယာများပေါ်တွင် မြိုင်မြိုင်ဆိုင် ဖော်ပြလာကြသည်ကို တွေ့ရှိရပါသည်။
ယနေ့မွန်းလွဲပိုင်းအချိန်ခန့်က ပုလဲမြို့နယ် မင်းတိုင်ပင်စံပြကျေးရွာတွင်အကြမ်းဖက် PDFအဖွဲ့များ အစည်းအဝေလုပ်နေချိန် လေကြောင်းပစ်ခတ်ရှင်းလင်းခံရ၍ PDF အဖွဲ့ဝင် ၇၀ ခန့်သေဆုံးကြောင်း၊ ကား ၂ စီး ၊ဆိုင်ကယ် ၁၃ စီး သိမ်းဆည်းရမိကြောင်းသိရှိရပါသည်။

#PAN

Telegram link

https://t.me/positiveanglenews