ကမ္ဘာ့ရွှေဈေး သမိုင်းတစ်လျှောက်အမြင့်ဆုံးသို့ရောက်ရှိ

ဒီဇင်ဘာ ၅

      ဒီဇင်ဘာလ ၄ ရက်တွင်ဖြစ်ပေါ်ခဲ့သော ကမ္ဘာ့ရွှေဈေးသည် သမိုင်းတစ်လျှောက်တွင် အမြင့်ဆုံးသို့ ရောက်ရှိ လာကြောင်း RT သတင်းဌာနက ဖော်ပြထားသည်။

       လူများနှင့် နိုင်ငံများသည် ရွှေကိုသေချာခိုင်မာ သော ပိုင်ဆိုင်မှုများတစ်ခုအဖြစ် သတ်မှတ်ကာ ဝယ်ယူမှုများမြင့်တက်လာခြင်းကြောင့် ကမ္ဘာ့ရွှေဈေးသည် တစ်အောင်စလျှင်ဒေါ်လာ ၂,၁၁၀ အထိရောက်ရှိလာသည်။ ဂရင်းနစ်စံတော်ချိန် ၁၁ နာရီ ၄၅ မိနစ်တွင်မူ တစ်အောင်စလျှင် ဒေါ်လာ ၂,၀၉၀ သို့ ပြန်လည်ကျဆင်းသွားသည်။

       တစ်ကမ္ဘာလုံးဆိုင်ရာအနေအထားတွင် မသေချာမရေရာမှုများ မြင့်တက်လာခြင်း၊ ပထဝီနိုင်ငံရေး တင်း မာမှုများ မြင့်တက်လာခြင်း၊ စီး ပွားရေးကျဆင်းနိုင်မှုအပေါ် စိုးရိမ်မှုများမြင့်တက်လာခြင်း၊ အမေရိကန်ဗဟိုဘဏ်က အတိုးနှုန်းများကို ဖြတ်ချနိုင်သည့် အလားအလာများရှိနေခြင်းတို့ကြောင့် ကမ္ဘာ့ရွှေဈေး ကွက်တွင် နှစ်လ ဆက်တိုက် ဈေးနှုန်းမြင့်တက်လာခြင်းဖြစ်သည်။

      ၂၀၂၄ ခုနှစ်အတွင်း အမေရိကန်ဒေါ်လာတန် ဖိုးနှင့် အတိုးနှုန်းများ ကျဆင်းနိုင်ခြေရှိသည်ဟု ထင်မြင် ယူဆကြခြင်းကြောင့် ရွှေကို ပိုမိုဝယ်ယူစုဆောင်းမှုများ ပြုလုပ်လာကြောင်းနှင့် ၂၀၂၄ ခုနှစ် အကုန်ပိုင်းတွင် ကမ္ဘာ့ရွှေဈေး တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၂,၂၀၀ အထိ တက်လာနိုင်သည်ဟု ဈေးကွက်ကျွမ်းကျင် ပညာရှင်များက တညီတညွတ်တည်း ထုတ်ပြန်ထားသည်။

       ထို့ပြင် ကမ္ဘာတစ်ဝန်းရှိ ဗဟိုဘဏ်များအနက် ၂၀ ရာခိုင်နှုန်းကျော်က လာမည့် ၁၂ လအတွင်း ရွှေကိုအရန် အဖြစ် ဝယ်ယူစုဆောင်းမှုပိုမိုမြင့်တက်လာနိုင်ကြောင်း ကမ္ဘာ့ရွှေကောင်စီက ခန့်မှန်းထားသည်။

       အလားတူ အမေရိကန်ဒေါ်လာကို အရန်ငွေ ကြေးအဖြစ်ထားရှိခြင်းသည် အားရစရာမကောင်းသော အခြေအနေတစ်ရပ်ဖြစ်လာနိုင် သည်ဟု ၎င်းတို့ကရှုမြင်ထားကြောင်း RT သတင်းဌာနတွင် ဖော်ပြထား သည်။

#PAN