ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်နှင့် ဝေါမြို့နယ်တို့တွင် ပြည်သူ့စစ်များ လူသစ်ရှာ နေသည်ဟု တရားမဝင်မီဒီယာ ၁ ခုဖြစ်သည့် Myanmar Now မှ မဟုတ်မမှန်ရေးသား ဖြန့်ဝေလျက်ရှိ

ဒီဇင်ဘာ ၃

      ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်နှင့် ဝေါမြို့နယ်တို့တွင် ပြည်သူ့စစ်များက တပ်ဖွဲ့ဝင်သစ်များ ရှာဖွေစုဆောင်းရန် ကျေးရွာအုပ်ချုပ်ရေးမှူးများကို စေခိုင်းနေပြီး ၎င်းတို့နှင့် နီးစပ်သည့် လူငယ်များအား  စစ်ကြောင်းထိုးသည့်အချိန် စည်းရုံးခြင်းနှင့် ခေါ်မရပါက အုပ်ချုပ်ရေးအဖွဲ့ဝင်ဟောင်းများအား လုံခြုံရေးအတွက် လူစုရန်ဖိအားပေးခြင်း  တို့ကို လုပ်ဆောင်လျက်ရှိသည်ဟု လူမှုကွန်ရက်စာမျက်နှာတွင် မဟုတ်မမှန် သတင်း များအား ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

      အဆိုပါသတင်းနှင့်ပတ်သက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦး ၏ ပြောကြားချက်အရ ပြည်သူစစ်တပ်ဖွဲ့ဝင်များ သည် အကြမ်း ဖက်သမားများ၏ ဖျက်ဆီးမှုများကိုခုခံပြီး နိုင်ငံအပေါ်ချစ်မြတ်နိုးစိတ်၊ မိမိတို့၏ မြို့၊ ရွာများကို စောင့် ရှောက် လိုစိတ်များကြောင့် တပ်မတော်နှင့်အတူ လက်တွဲပူးပေါင်းကာကွယ်နေခြင်းကို တရားမဝင် ပြည်ဖျက်မီဒီယာများက ဒေသခံပြည်သူများအနေဖြင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင် များအပေါ် အထင်အမြင်လွဲမှား လာစေရန်အတွက်  လူမှုကွန်ရက်စာမျက်နှာတွင် သတင်းတု၊ သတင်းအမှားများ ယခုကဲ့သို့ ရည်ရွယ် ချက်ရှိရှိ ရေးသားဖြန့်ဝေခြင်းသာ ဖြစ်ကြောင်း သတင်းရရှိပါသည်။

#PAN