အကြမ်းဖက်သောင်းကျန်းသူ KTLA / PDF ပူးပေါင်းအဖွဲ့များက ကော့ကရိတ်မြို့ဝင်ရောက်တိုက်ခိုက်ရာ အထိနာစွာ ဆုတ်ခွာထွက်ပြေးကြရပြီး မြဝတီမြို့နယ်အတွင်း တိုက်ကွက်ဖော်ရန် စီစဥ်နေကြောင်း သတင်များထွက်ပေါ်

ဒီဇင်ဘာ ၂

      ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို အကြမ်း ဖက်သောင်းကျန်းသူ KTLA / PDF ပူးပေါင်းအဖွဲ့များက ယမန်နေ့က စတင်၍ သာလွန်အင်အားဖြင့် တိုက်ခိုက်ခဲ့ရာ တပ်မတော်မှ အကြိမ်ကြိမ် လေ ကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နှိမ်နင်းခဲ့သဖြင့် ညနေပိုင်းတွင် ဆုတ်ခွာထွက်ပြေး သွားကြကြောင်း၊ ၎င်းတို့ ဆုတ်ခွာရာသို့ ည ၁၀ နာရီအချိန်ခန့်ထိ လေကြောင်းတိုက်ခိုက်မှုများ ပြု လုပ်ခဲ့ကြောင်း သိရပါသည်။

       အဆိုပါ အကြမ်း ဖက်သောင်းကျန်းသူများ သည် ယနေ့ နံနက်ပိုင်းတွင် ကော့ကရိတ်မြို့အရှေ့ဘက် ဆင်ကုန်း၊ နန်းကော်တိုး၊ မြို့တော်ဦးဘက်မှ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ယနေ့ နံနက် ၅ နာရီအချိန်မှ နံနက် ၁၀ နာရီ ၁၀ မိနစ်အချိန်ထိ လေ ကြောင်းတိုက်ခိုက်မှု ၁၆ ကြိမ်ခန့် ပြုလုပ်နှိမ်းနင်းခဲ့သည်။

        မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် ကော့ကရိတ်မြို့အရှေ့ဘက် အမှတ်(၂)ရပ်ကွက်၊ ၀င်းကြီးဓမ္မရာမကုန်းရှိ လုံခြုံရေးအဖွဲ့များကို သောင်းကျန်းသူများက သာလွန်အင်အားဖြင့်၀င်ရောက်တိုက်ခိုက်ခဲ့ရာ လုံခြုံ ရေးအဖွဲ့များက စီမံချက်အတိုင်း စခန်းမှဆုတ်ခွာပေးခဲ့ပြီး ၎င်း စခန်းပေါ်သို့ သောင်းကျန်း သူများက ရောက်ရှိ အခြေပြုစဥ် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ အကြမ်းဖက်သောင်းကျန်းသူများ သေဆုံး၊ ထိခိုက်ဒဏ်ရာရများစွာ ကစဥ်ကလျားဆုတ်ခွာထွက်ပြေးကြကြောင်း သိရသည်။

       ညနေ ၄ နာရီခွဲအချိန်ခန့်တွင် အဆိုပါ ၀င်းကြီးဓမ္မရာမကုန်းကို တပ်မတော်လုံခြုံရေးအဖွဲက ပြန်လည်း တက်ရောက် ထိန်းချုပ်ခဲ့သည်။

        အဆိုပါ ဆုတ်ခွာ ထွက်ပြေးသွားသော အကြမ်း ဖက်သောင်းကျန်းသူများသည် ကော့ကရိတ်မြို့နယ်၊ ဟောင်သရောမြစ်ဘေး သုံးဆယ့်သုံးဆူရွာသို့ ဆုတ်ခွာထွက်ပြေး အခြေပြုလျက်ရှိကြောင်းနှင့် အဆိုပါရွာ ဆေးပေးခန်းတွင် ဒဏ်ရာရ လူနာ ၅၀ ဦးကို ဆေးကုသပေးနေကြောင်း သိရပါသည်။

      အကြမ်းဖက်သောင်းကျန်းသူ KTLA / PDF ပူး ပေါင်းအဖွဲ့များသည် ကော့ကရိတ်မြို့အား တိုက်ခိုက်သည့် နည်းတူ မြဝတီမြို့နယ်အတွင်း တိုပ်ကွက်ဖော်ရန် စီစဥ်နေကြောင်း၊ သင်္ဃန်းညီနောင်ရှိ ခမရ (၃၅၅) နှင့် နယ်မြေရဲစခန်းတို့ကို ပစ်မှတ်ထားတိုက်ကွက်ဖော်ဆောင်မည်ဖြစ် ကြောင်း၊ ကွင်းကလေးကြားရှိ နတ် သမီးတောင် ကြောတွင် အင်အား ၃၀၀ ခန့်၊ အတွင်းမဲကနယ်ရွာတွင် အင်အား ၂၀၀ခန့် စုစည်းထားပြီး ပစ် မှတ်နှစ်နေရာကို တစ်ပြိုင်တည်း တိုက်ကွက်ဖော်ဆောင်မည်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေပါ သည်။

#PAN