ဂျပန်နိုင်ငံတွင် ကိုဗစ် – ၁၉ ရောဂါ ကူးစက်လူနာဦးရေ များပြားလာ

ဒီဇင်ဘာ ၂

      ဂျပန်နိုင်ငံတွင် တစ်ပတ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ စစ်တမ်းကောက်ယူရာတွင် တစ်လကြာ ကူးစက်မှုကျဆင်းပြီးနောက် ယခုအခါ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသည့် လူနာဦးရေမှာ ပြန်လည်များ ပြား လာသည်ဟု သိရသည်။

      နိုင်ငံတစ်ဝန်း ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့အစည်းပေါင်း ၅,၀၀၀ တွင် တစ်ပတ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်လူနာ ၁၁,၄၉၉ ဦး တွေ့ရှိရကြောင်း၊ အဆိုပါဦးရေမှာ ယခင်သီတင်းပတ်နှင့်နှိုင်းယှဉ်လျှင် ၁,၈၁၅ ဦး များပြား လာခြင်းဖြစ် ကြောင်း သိရသည်။ တစ်ပတ်နှင့်တစ်ပတ် ကူးစက်ခံရသူဦးရေမှာ ၁၉ ရာခိုင်နှုန်း များပြားလာပြီး သုံးလအတွင်း ပထမဆုံးအကြိမ်အဖြစ် ကူးစက်မှု ပြန်လည်များပြားလာခြင်းဖြစ်သည်။ ယခု သီတင်းပတ်အတွင်း ဆေးရုံတက်ရသူဦးရေမှာ ၉၃၈ ဦးရှိပြီး အဆိုပါအရေ အတွက်မှာ ယခင်သီတင်းပတ်ကထက် ၁၅၄ ဦး ပို၍ များပြားသည်။

     လူနာဦးရေများပြားလာသည့်အတွက် အနီး ကပ်စောင့်ကြည့်ရန် လိုအပ်သည်ဟု ပြောသည်။ ကျန်းမာ ရေး ဝန်ကြီးဌာန အာဏာပိုင်များက ဆောင်းတွင်းကာလတွင် ရောဂါကူးစက်မှု များ ပြားလာနိုင်ခြေ ရှိသည့်အတွက် ကူးစက်မှုတိုက်ဖျက်ရေး လုပ်ငန်းအဆင့်ဆင့်ကို လုပ်ဆောင်ကြရန်လည်း ပြည်သူများကို တိုက်တွန်းထားကြောင်း အင်န်အိတ်ချ်ကေသတင်းဌာနက ဖော်ပြထားသည်။

#PAN