နိုဝင်ဘာ ၃၀
နိုဝင်ဘာလ ၂၉ ရက်က ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် (၅) အဖြစ် မန်ယူအသင်းနဲ့ ဂါလာတာစာရေးအသင်းတို့ ပွဲစဉ်မှာ တစ်ဖက် ၃ ဂိုးစီနဲ့ သရေရလဒ် ဖြစ်ပေါ်ခဲ့ပါတယ်။
အခုလို သရေရလဒ် ဖြစ်ပေါ်ခဲ့တာကြောင့် မန်ယူအသင်းဟာ ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာရဖို့ သေချာ သလောက် ရှိနေပြီဖြစ်ပါတယ်။ ပွဲစဉ်အစောပိုင်းမှာ မန်ယူအသင်းက ၂ ဂိုးပြတ်နဲ့ ဦး ဆောင်ထားနိုင်ခဲ့ပေမယ့် ဂါလာတာစာရေးအသင်းကို ချေပဂိုးတွေ ပြန်လည်ပေးခဲ့ရပြီး ၃ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။
မန်ယူအသင်းအနေနဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲ ၅ ပွဲမှာ ရမှတ် ၄ မှတ်သာ ရရှိထားတာကြောင့် အုပ်စုနောက်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။ မန်ယူအသင်းက နောက်ဆုံးပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရမှာ ဖြစ်ပါတယ်။
#PAN