အိန္ဒိယနိုင်ငံရှိ ဥမင်လိုဏ်ခေါင်းတစ်ခုအတွင်း ပိတ်မိလျက်ရှိသည့် အလုပ်သမား ၄၁ ဦးကို ရှာ ဖွေကယ်ဆယ်လျက်ရှိ

နိုဝင်ဘာ ၂၄

     အိန္ဒိယနိုင်ငံ မြောက်ပိုင်း၌ ဥမင်လိုဏ်ခေါင်း
တစ်ခုအတွင်း ပိတ်မိလျက်ရှိသည့် အလုပ်သမား
၄၁ ဦးကို ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ လုပ် ဆောင်လျက်ရှိကြောင်း သိရသည်။

      ဥမင်လိုဏ်ခေါင်းသည် ဥတရာခန်ပြည်နယ်တွင် တည်ရှိပြီး နိုဝင်ဘာ ၁၂ ရက်က မြေပြိုကျမှုဖြစ်ပွားခဲ့သည်။ ကယ်ဆယ်ရေး လုပ်သားများသည် လိုဏ် ခေါင်းအတွင်း၌ ပိတ်မိလျက်ရှိသည့် အလုပ်သမား ၄၁ ဦးကို ကယ်တင်နိုင်ရေးအတွက် ကယ်ဆယ်ရေးလုပ် ငန်းများကို အချိန်နှင့် တစ်ပြေးညီ လုပ်ဆောင်လျက်ရှိသည်။

      ကယ်ဆယ်ရေးသမားများသည် ဗီဒီယိုလင့်ခ် တစ်ခုကိုထူထောင်ကာ အလုပ်သမားများနှင့်ဆက်သွယ်နိုင်ခဲ့သည်။ နိုဝင်ဘာ ၂၀ ရက်ကထုတ် ပြန်ခဲ့သည့် ဗီဒီယိုဖိုင်တွင် လိုဏ်ခေါင်းအတွင်း ပိတ်မိနေသူအချို့ကို ပထမဆုံးအကြိမ် မြင်တွေ့ခဲ့ရကြောင်း သိရသည်။

      အလုပ်သမားများ ပိတ်မိနေသည့်နေရာကို ရှာ ဖွေရေးအတွက် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်သူ များသည် ပိုက်လိုင်းမှတစ်ဆင့် လိုဏ် ခေါင်းအတွင်းသို့ ကင်မရာအသေးတစ်ခုကို ပေးပို့ခဲ့သည်။ အစား အသောက်နှင့် အခြားလိုအပ် သောပစ္စည်းများကို ပေးပို့ရန်အတွက် ယင်းပိုက် လိုင်းကို အသုံးပြုခဲ့ကြသည်။

      ကယ်ဆယ်ရေးသမားများက သံမဏိပိုက်ကို တပ်ဆင်နိုင်ရန် အပျက်အစီးများကို ဖယ်ရှား လျက်ရှိ သည်။ အဆိုပါလမ်းကြောင်းမှတစ်ဆင့် ပိတ်မိနေသူများကို ကယ်ဆယ်နိုင်မည်ဖြစ်ကြောင်း၊ ပိတ်မိနေသည့်အလုပ်သမားများသည် မီတာ ၆၀ ခန့်အကွာတွင်ရှိကြောင်း ကယ်ဆယ်ရေးသမားများက ပြောသည်။

      လက်ရှိတွင် အပျက်အစီးများကို ဖယ်ရှားပြီး ဥမင် လိုဏ်ခေါင်းအတွင်းသို့ ၃၉ မီတာရှိသော သံမဏိပိုက်ကို ထည့်သွင်းနိုင်ခဲ့ကြောင်း သိရသည်။

#PAN