ရန်ကုန်မြို့မှ ပုဂ္ဂလိက‌ကျောင်းများတွင် နိုင်ငံတော်အစိုးရက ကျောင်းသားများ၏ ကိုယ်ရေး အချက်အလက်များနှင့် အတန်းလူစာရင်းများ တောင်းခံနေမှုကြောင့် ကျောင်းသား မိဘများ စိုးရိမ်ပူပန်နေကြောင်း ကောလာဟလသတင်းများ လုပ်ကြံဖန်တီးထုတ်လွှင့်လျက်ရှိ

နိုဝင်ဘာ ၂၃

နိုင်ငံတော်အစိုးရအနေဖြင့် CDM ကျောင်းသားများ စာရင်းကိုသိရှိလိုခြင်း၊ ကျောင်းသားများကို လူသားတံတိုင်းအဖြစ် ဆောင်ရွက်လိုခြင်းနှင့် CDM ကျောင်းသားများ ကို ကျောင်းပြန်တက်စေချင်လိုခြင်းများကြောင့် ပုဂ္ဂလိကကျောင်းများတွင် အတန်းလိုက် ကျောင်းသားဦးရေ အတိုးအလျော့စာရင်း၊ ကျောင်းသားများ၏ အမည်စာရင်းနှင့် ကျောင်းများ၏ဘဏ္ဍာရေး ဆိုင်ရာ ကောက်ခံစာရင်းများကိုပေးရမည်ဟု ထုတ်ပြန်ထား သည့်အတွက် ကျောင်းများတွင် ဖောင်ဖြည့်ပေးရန် အတင်း ကောက်ခံနေခြင်းကြောင့် ကျောင်းသားမိဘများက စိုးရိမ်နေကြသည်ဟု ကောလာဟလသတင်းများ လုပ်ကြံဖန်တီး ပြီး လူမှုကွန်ရက်စာမျက်နှာများပေါ်တွင် ထုတ်လွှင့်လျက်ရှိသည်ကိုတွေ့ရှိရသည်။

အဆိုပါအကြောင်းအရာနှင့်ပတ်သက်၍ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီး ဌာနမှ တာဝန်ရှိသူများ၏ ပြောကြားချက်အရ ကျောင်းသားများ၏ ကိုယ်ရေးအချက် အလက်များ တောင်းခံမှုမရှိကြောင်းသိရှိရသည်။

ပြည်ဖျက်မီဒီယာများအနေဖြင့် ထိုသို့သော ပညာရေးနှင့်ပတ်သက်၍ ကောလာ ဟလသတင်းများ ထုတ်လွှင့်ဖြန့်ဝေခြင်း သည် နိုင်ငံတော်တွင်း အေးချမ်းစွာ ပညာသင် ကြားနေသည့် ကျောင်းသားများနှင့် မိဘများကို စိုးရိမ်ပူပန်မှုဖြစ်စေရန် နှင့် နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီ၏ ပညာရေးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက်ကြိုးပမ်း ဆောင်ရွက် နေမှုများအပေါ် ကျောင်းသားမိဘများက အထင်အမြင်လွဲမှားလာစေရန် ရည်ရွယ်ချက် ရှိရှိဖြင့် သတင်းမှားများထုတ်လွှင့်၍ ဖြန့်ဝေနေခြင်း သာဖြစ်ကြောင်း သတင်းရရှိသည်။

#PAN