အကြမ်းဖက်သမားများ၏ လက်ချက်ကြောင့် မြင်းခြံမြို့နယ်၊ ကိုင်း(မြောက်)ကျေးရွာ အလကခွဲ(ကိုင်းမြောက်) စာသင်ကျောင်း မီးလောင်ပျက်စီး

နိုဝင်ဘာ ၁၇

ယမန်နေ့ ည ၇ နာရီအချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ ညောင်ကားယားကျေးရွာဘက်မှ အကြမ်းဖက် အင်အား ၅၀ ဦးခန့်သည် စက်လှေ ၄ စီးဖြင့် ဧရာဝတီမြစ်အား ဖြတ်ကူးလာကာ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ကိုင်း(မြောက်)ကျေးရွာ၊ အလကခွဲ ကျောင်းဝင်းအတွင်း အခြေပြုကာ လုံခြုံရေးဆောင် ရွက်လျက်ရှိသော တပ်ဖွဲ့ဝင် ၁၃ ဦးအား စာသင်ကျောင်း၏ မြောက်ဘက်မှ လက်နက်ကြီး/လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ လုံခြုံရေးတပ်ဖွဲ့ဝင် များမှ ပြန်လည်ပစ်ခတ်ခဲ့ပြီး အင်အားမမျှသဖြင့် ကျောင်းဝင်းအတွင်းမှ ထွက်ခွာ၍ တောင်ဘက်မှ ဆက်လက် ခုခံပစ်ခတ်ခဲ့ ရာ အကြမ်းဖက်အဖွဲ့ သည် အလကခွဲ(ကိုင်းမြောက်) ကျောင်းဝင်းအတွင်းရှိ စာသင်ခန်း ၇ ခန်းပါ အာစီ၊သွပ်မိုး၊တစ်ထပ် ကျောင်းဆောင်အား မီးရှို့ ဖျက်စီးခဲ့ပြီး ၇ နာရီ ၂၀ အချိန်ခန့်တွင် စက်လှေများဖြင့် ရေစကြိုမြို့နယ်၊ညောင်ကားယား ကျေးရွာဘက်သို့ ပြန်လည်ဆုတ်ခွာ သွားခဲ့ကြကြောင်း သိရှိရပါသည်။

ဖြစ်စဥ်တွင် လုံခြုံရေးစစ်ကြောင်းမှ တပ်ကြပ်ကြီး ၁ ဦး ယာဒူး ပွင့်ထွက်ဒဏ်ရာ ၁ ချက်၊ ဝဲ-ကျော ရှပ်ထိဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ)ရရှိခဲ့ပါသည်။ အကြမ်းဖက်သမားများ၏ လက်ချက်ကြောင့် အလကခွဲ(ကိုင်းမြောက်) စာသင်ကျောင်း မီးလောင် ပျက်စီးခဲ့ရပြီး ကာလတန်ဘိုး ကျပ်သိန်းပေါင်း ၁၂၀၀ ခန့် ဆုံးရှုံးခဲ့ရကြောင်း သတင်းရရှိပါသည်။

#PAN