လွိုင်ကော် တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပညာရေးဆိုင်ရာဝန်ထမ်းများ နှင့် ပညာသင်ကြားလျက်ရှိ သည့် ကျောင်းသား၊ ကျောင်းသူများအား KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်​သောင်းကျန်းသူများက အတင်း အဓမ္မ ဖမ်းဆီးခေါ်ဆောင်ခဲ့မှုနှင့် ပတ်သက်၍ အဖွဲ့အစည်း အသီးသီးမှ သဘောထား ထုတ်ပြန်ချက်များ ထုတ်ပြန်

KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်​သောင်းကျန်းသူများသည် နိုဝင်ဘာ ၁၃ ရက်တွင် စစ်ရေးနှင့် သက်ဆိုင်သော ပစ်မှတ်မဟုတ်သည့် ကယားပြည်နယ်၊ လွိုင်ကော်မြို့ရှိ လွိုင်​ကော်တက္ကသိုလ်အား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရည်ရွယ်ချက်ရှိရှိ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းသိရှိရပြီး တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ပညာရေးဆိုင်ရာဝန်ထမ်းများနှင့် ပညာသင်ကြား လျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင် သွား ခဲ့ကြောင်းသိရှိရသည်။

KNPP အဖွဲ့နှင့် PDF အမည်ခံအကြမ်းဖက်​သောင်းကျန်းသူများ၏ ယခုကဲ့သို့ အကြမ်းဖက်လုပ်ဆောင်မှုသည် နိုင်ငံတော် တည်ဆောက်ရေးတွင် အလွန် အရေးပါသည့် ပညာရေးကဏ္ဍနှင့် လူ့စွမ်းအားအရင်းအမြစ် မွေးထုတ်ရေးတို့ အပေါ် များစွာ ထိခိုက်စေပြီး မည်သို့မျှ လက်ခံနိုင်ဖွယ်ရာမရှိသည့် အကြမ်းဖက်လုပ်ရပ် ဖြစ်သည့်အတွက် ဗုဒ္ဓဘာသာကလျာဏယုဝ အသင်း YMBA (ဗဟို)၊ ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့(ဗဟို)၊ မြန်မာနိုင်ငံ ဧဝံဂေလိခရစ်ယာန်မဟာမိတ် အဖွဲ့ချုပ်၊ ပြည်ထောင်စုမြန်မာနိုင်ငံမက်သဒစ်အသင်းတော်(အောက်မြန်မာပြည်)၊ ယုံကြည်ခြင်း ဧဝံဂေလိအသင်းတော် (ပဲခူး)၊ လွတ်မြောက်ခြင်း အသင်းတော် (ရန်ကုန်)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ဟိန္ဒူဘာသာရေးဗဟိုအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံး ဆိုင်ရာ တမီလ်ဟိန္ဒူ ဖောင်ဒေးရှင်း(ဗဟို)၊ သနန္တဓမ္မပါလက(ဟိန္ဒူ)အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး၊ မြန်မာနိုင်ငံစစ်မှုထမ်းဟောင်းအဖွဲ့၊ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံအားကစားမီဒီယာများ အဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ မြန်မာနိုင်ငံပန်းချီပန်းပုအစည်းအရုံး(ဗဟို)၊ မြန်မာနိုင်ငံသဘင် အစည်းအရုံး (ဗဟို)၊ မြန်မာနိုင်ငံဟာသပညာရှင်များ အစည်းအရုံး၊ မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ ပိန္နဲကုန်းရခိုင် ဂျာမေဗလီနှင့် ဘူးသီးတောင်မောင်တောဒေသ ဖွံ့ဖြိုးရေးအသင်းတို့မှ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ ပါကြောင်း သဘောထားများ အသီးသီးထုတ်ပြန်ခဲ့ကြကြောင်း သတင်းရရှိသည်။

Source; CINCDS Myanmar