မြို့နယ်အချို့၌ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိ

နိုဝင်ဘာ ၁၁

     မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် နိုဝင်ဘာ ၈ ရက် နံနက်ပိုင်းတွင် သပိတ်ကျင်းမြို့နယ် ၊ ဝါးဖြူတောင်ကျေးရွာအုပ်စု ဖော့တောကျေးရွာအနီးတွင် TOYOTA HIACE အမျိုးအစား ခရီးသည်တင်ယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ စိန်လှိုင် သယ်ဆောင်လာသည့် စုစု ပေါင်းငွေကျပ် ၁၀၄၅ သိန်း တန်ဖိုးရှိ ဘိန်းဖြူ ၄ ဒသမ ၁၈ ကီလိုကို သိမ်းဆည်းရမိခဲ့ပြီး မွန်းလွဲပိုင်းတွင် ကွင်းဆက်တရားခံ သိန်းကျော် ကို ဖော့တောကျေးရွာလမ်းဆုံတွင် ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ ထိုနေ့ ညနေ ၄ နာရီခွဲတွင် မရမ်းကုန်းမြို့နယ် (၅)ရပ်ကွက် အောင်ဇေယျလမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ ကောင်းမြတ်ကို စစ်ဆေးရှာဖွေရာ စိတ်ကြွရူးသွပ်ဆေးပြား ၁၀၆၀၀ ကို သိမ်းဆည်းရမိခဲ့ပြီး ကွင်းဆက်အရ မရမ်းကုန်းမြို့နယ် (၅)ရပ်ကွက် လေဆိပ်လမ်းမနှင့် အောင်ဇေယျလမ်းထောင့်တွင် မင်းမင်းသန်းနှင့် မအိသန္တာဆွေတို့ကို စိတ်ကြွရူးသွပ်ဆေးပြား ၂၆၀၀၊ TOYOTA CALDINA အမျိုးအစားယာဉ် တစ်စီးနှင့် လည်းကောင်း၊ ညနေ ၆ နာရီခွဲတွင် ကြည့်မြင်တိုင်မြို့နယ် မကျည်းတန်း(မြောက်/အရှေ့)ရပ် ကွက် ကမ်းနားလမ်းရှိ နေအိမ်တွင် မျိုးမင်းထွန်း (ခ)ကိုမျိုး ကို ဘိန်းဖြူ သုည ဒသမ ၀၁ ကီလိုနှင့် စိတ်ကြွရူးသွပ်ဆေးပြား ၈၀၀ ကို လည်း ကောင်း ဖမ်းဆီးရမိခဲ့သည်။

       နိုဝင်ဘာ ၉ ရက် နံနက်ပိုင်းတွင် မင်္ဂလာတောင်ညွန့်မြို့နယ် စက်ဆန်းရပ်ကွက် အထက်ပုဇွန်တောင်လမ်း တွင် စည်သူဝင်း(ခ) စည်သူမောင်းနှင်လာသည့် HARRIER အမျိုးအစားယာဉ်ကို ရပ်တန့်စစ်ဆေးရှာဖွေရာ အက်တက်စီ ဆေးပြား ၉၃၀၊ ကက်တမင်း သုည ဒသမ ၀၄၂၅ ကီလို သိမ်းဆည်းရမိခဲ့ပြီး မွန်းလွဲ ၂ နာရီခွဲတွင် ကမာရွတ်မြို့နယ် (၅)ရပ်ကွက် အောင်ချမ်းသာလမ်းရှိ ၎င်း၏နေအိမ်ကို ဝင်ရောက်ရှာဖွေရာ စိတ်ပြောင်းဆေးဝါးများဖြစ်သည့် ကက်တမင်း သုည
ဒသမ ၀၀၃ ကီလို၊ Happy Water သုည ဒသမ ၀၈၄ ကီလိုကို လည်းကောင်း၊ ယင်းနေ့ မွန်းလွဲ ၁ နာရီခွဲတွင် သာကေတမြို့နယ် ၁၀/မြောက်ရပ်ကွက် သန်လျင်ချဉ်းကပ်လမ်းတွင် မသင်္ကာဖွယ်တွေ့ရှိသူ ဇော်ဝင်း (ခ)အိုစမန်ကို စစ်ဆေးရှာဖွေရာ ဘိန်းဖြူ သုည ဒသမ ၀၄၅ ကီလိုကိုလည်းကောင်း၊ မွန်းလွဲ ၂ နာရီတွင် သန်လျင်မြို့နယ် သောက်တော်တွင်း ရပ်ကွက် ဘုရားဖြူလမ်းရှိ ၎င်း၏ နေအိမ်ကို ဆက်လက်ရှာဖွေရာ
ဘိန်းဖြူ သုည ဒသမ ၀၉ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ ကိုလည်းကောင်း ထပ်မံသိမ်း ဆည်းရမိခဲ့သဖြင့် ၎င်းတို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေအရ အရေးယူထားကြောင်း သိရသည်။

#PAN