အင်ဒိုနီးရှားနိုင်ငံ၌ အရှေ့တောင်အာရှ၏ အကြီးဆုံး ရေပေါ်နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ် ဓာတ်အားပေးစက်ရုံ ဖွင့်လှစ်

နိုဝင်ဘာ ၁၁

     အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုသည် အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားပြည်နယ် ဆီရာတာ ရေလှောင် ကန်တွင် တည်ရှိသည့် ဟက်တာ ၂၅၀ ကျယ်ဝန်းသော အရှေ့တောင်အာရှ၏ အကြီးဆုံးရေပေါ်နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံကို နိုဝင်ဘာ ၉ ရက်တွင် ဖွင့်လှစ်ခဲ့သည်။

ထပ်လောင်းပြောကြား

        “ဒီနေ့ဟာ မိမိတို့နိုင်ငံရဲ့ အိမ်မက်ဖြစ်တဲ့ အကြီး စား ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်စက်ရုံ တည်ဆောက် ရေး အိပ်မက်ကြီးဖြစ်လာတာကြောင့်သမိုင်းဝင်နေ့တစ်နေ့ပါ။ ဘာကြောင့်လဲဆိုတော့ အရှေ့တောင်အာရှဒေသမှာ အကြီးဆုံး ရေပေါ်နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံနဲ့ ကမ္ဘာပေါ်မှာ တတိယအကြီးဆုံး ရေပေါ်လျှပ်စစ်ဓာတ်အားပေးစက်ရုံကို အင်ဒိုနီးရှားနိုင်ငံကတည်ဆောက်နိုင်ခဲ့ပါတယ်” ဟု ဝီဒိုဒိုက ထပ်လောင်း ပြောကြားသည်။

        တရုတ်နိုင်ငံ Power China Huadong
Engineering Corporation Ltd. မှ တည် ဆောက်သည့် အဆိုပါ လျှပ်စစ်ဓာတ်အားပေးစက်ရုံသည် အင်ဒိုနီးရှားနိုင်ငံပိုင် လျှပ်စစ်ကော်ပို ရေးရှင်း PLNနှင့် ယူအေအီး စွမ်းအင်ကုမ္ပဏီ Masdar တို့အကြား ရင်းနှီးမြှုပ်နှံ မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၁၄၅ သန်းဖြင့် ဆောင် ရွက်သည့် စီမံကိန်းဖြစ်သည်။

       ဆိုလာပြား ၃၄၀၀၀၀ ကျော်ဖြင့် ရေလှောင်ကန် မျက်နှာပြင်ကို ဖြန့်ကြက်ထားသည့် လျှပ်စစ်ဓာတ် အားပေးစက်ရုံသည် နှစ်စဉ် စွမ်းအင် ကီလိုဝပ်နာရီ သန်း ၃၀၀ ထုတ်လုပ်နိုင်ကြောင်း သိရသည်။

         ဝီဒိုဒိုက နိုင်ငံအတွင်း ကာဗွန်ထုတ်လွှတ်မှု လျှော့ ချရန်နှင့်၂၀၆၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ်မှု သုညအဆင့် ရောက်ရှိရေးရည်မှန်းချက်ကို အကောင် အထည်ဖော်ရန် နိုင်ငံ၏ ကြိုးပမ်း အားထုတ်မှုများကို ပံ့ပိုးရန်အတွက် ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်ကို အသုံး ပြုရန် အားပေးခဲ့သည်။

#PAN