စစ်ကိုင်းဒေသကြီးအတွင်း နံနက်ပိုင်း ရရှိသတင်းများ

နိုဝင်ဘာ ၁၀

■   ဟုမ္မလင်းမြို့နယ်၊ ပုရစ်ဖာနှိုင်းကျေးရွာ၏ နောက် ကျောတောစပ်မှ ပုရစ်ဖာနှိုင်းရွာကို ဝင်စီးရန် ယမန်နေ့ နံနက် ၇ နာရီအချိန်ခန့်  PDF များ တက်လာစဥ် ဒေသလုံခြုံရေးပြည်သူ့စစ်၊ ရှမ်းနီတပ်(SNA)၊ တပ်မတော်ပူးပေါင်းတပ်ဖွဲ့မှ ခုခံတိုက်ခိုက်​နေစဥ်၊ ချင်းတွင်းမြစ် ၏ အနောက်ဘက်ကမ်းရှိသော ထုံမာတဲကျေးရွာအခြေပြု ဒေသလုံခြုံရေး ပြည်သူ့စစ်နှင့် တပ်မတော်မှ လက်နက်ဘကြီး၊ အမြောက်ပစ်ကူများဖြင့် ပစ်ကူပေး ချေမှုန်းခဲ့ကြောင်း၊ မြစ်အရှေ့ဘက်ကမ်းရှိ ပုရစ်ဖာနိုင်းရွာ နောက်ကျောရှိ အကြမ်းဖက် PDF များစုဖွဲ့ရာနေရာသို့လည်း လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ရာ PDF အဖွဲ့မှ ၂ ဦး သေဆုံးပြီး ၈ ဦးဒဏ်ရာရကာ စန်းဆိုင်ရွာသို့ ဆုတ်ခွါသွားကြောင်းနှင့် SNA ရှမ်းနီတပ်မှ ၂ ဦးဒဏ်ရာ ရရှိထားကြောင်း သိရပါသည်။

■   ဟုမ္မလင်းမြို့နယ်၊ ပုရစ်ဖာနိုင်းကျေးရွာသို့ ယမန် နေ့ ည ၉ နာရီအချိန်ခန့်တွင် အကြမ်းဖက် PDF များက ဒုတိယအကြိမ် ထပ်မံတိုက်ခိုက်လာရာ ပုရစ်ဖာနိုင်းရွာရှိ ပြည်သူ့စစ်၊ SNA တို့မှ အသင့်စောင့်ဆိုင်းလျက် ပြန်လည်ခုခံပစ်ခတ်ခဲ့ပြီး မြစ်အနောက်ဘက်ကမ်း ထုံမာတဲရွာရှိ တပ်မ တော်နှင့် ပြည်သူ့စစ်အဖွဲ့တို့က လက် နက်ကြီးဖြင့် ည ၉ နာရီ ၁၀ မိနစ်အချိန်တွင် လက်နက် ကြီး ပစ်ကူပေးခဲ့ရာ အကြမ်းဖက် PDF များ ဆုတ်ခွာသွားကြောင်း သိရပါသည်။

■   ဗန်းမောက်မြို့နယ်အနောက်ဘက် ကြောင်လည်ကျေးရွာ တပ်မတော်စခန်းကုန်းတွင် SNAနှင့် ပြည်သူ့စစ် ပူးပေါင်းအဖွဲ့များ လုံခြုံရေးဆောင် ရွက်နေစဥ် ယနေ့နံနက် ၅ နာရီအချိန်ခန့်တွင် တပ်မတော်သားများမရှိသည်ကို အခွင့်ကောင်းယူကာ အကြမ်းဖက် PDF အင်အား ၂၀၀ ခန့်က လာရောက်တိုက်ခိုက်ကြောင်း၊ မြူထနေ သည်ကတစ်ကြောင်း အပြင်းအထန်ခုခံနေကြသည်ကတစ်ကြောင်း PDF များသည် ယခုအချိန်အထိစခန်းကုန်းကိုနားကို မကပ်နိုင်သေးဘဲ အဝေးမှ 40 mm RPGများ၊ အပေါ်ကလည်း Drone များဖြင့် ပစ်ခတ်နေကြကြောင်း၊ ဗန်းမောက်ဗျူဟာမှ လက်နက်ကြီးဖြင့် ပစ်ကူပေးပြီး  မြေပြင်မှလည်း စစ်ကူအဖွဲ့ ၂ ဖွဲ့ခွဲလွှတ်ကာ ရွာနားရောက်နေကြကြောင်း သိရှိရပါသည်။

■   ယမန်နေ့ ည ၈ နာရီခွဲအချိန်ခန့်တွင် ကလေးဝမြို့နယ်၊ ဆင်အိုင်မကျေးရွာအနီး  နယ်မြေရှင်း လင်းရေး ဆောင်ရွက်နေသော လုံခြုံရေးတပ်ဖွဲ့ဝင်များသည် အကြမ်းဖက် PDF များနှင့် ထိတွေ့မှုဖြစ်ပွားခဲ့ရာ အကြမ်းဖက်များ အငိုက်မိပြီး ကိုယ်လွတ်ရုန်း ထွက် ပြေးခဲ့ကြောင်း၊ ၎င်းတိုက်ပွဲမှ အကြမ်းဖက် PDF ၂၈ လောင်း၊ အမ်-၇၉ လောင်ချာ ၁ လက်၊ KIA ထုတ် ၄၀ မမ လောင်ချာ  ၁ လက်၊ အမ် -၄ သေနတ် ၄ လက်၊ စနိုက်ပါ သေနတ် ၂ လက်၊ HK-33 သေနတ် ၁ လက်၊ အေကေ-၄၇သေနတ် ၁ လက်၊ အမ်-၂၂သေနတ် ၁၁ လက်၊ လက်လုပ်သေနတ် ၄ လက်၊ အမ်-၂၂ ကျည် ၆၈၅ တောင့်၊ စနိုက်ပါကျည် ၁၅၁ တောင့်၊ ၅.၅၆ ကျည် ၄၁၀ တောင့်၊ ၄၀ မမ ဗုံးသီး ၉ လုံး၊တရုတ်လက်ပစ်ဗုံး ၁ လုံး၊ ဒီတိုနေတာ ၁၁ ခု၊ အမ်-၄ ကျည်အိမ် ၁၁ ခု၊ အမ်- ၂၂  ကျည်အိမ် ၁၇ ခု၊ HK-33 ကျည်အိမ် ၁ ခု တို့အား သိမ်း ဆည်းရရှိကြောင်း သတင်းရရှိပါသည်။

#PAN