စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ညနေပိုင်း ရရှိသတင်းများ

နိုဝင်ဘာ ၉

■   ရွှေဘိုမြို့နှင့် အနီးတစ်ဝိုက် တဂဏန်းရွာ ၊ ဇီးတော ရွာ ၊ ယင်းမာရွာ ၊ ဘုန်းဘွဲ့ရွာ၊ ချီပါရွာ၊ ဘိုတည်းကုန်းရွာ ၊ ဆိပ်ခွန်ရွာ စသည့်ရွာများက သက်ကြီးရွယ်အိုနှင့် ကလေးငယ်များကို ဘေးလွတ်ရာသို့ ရွှေပြောင်းနေ ထိုင်ကြရန် အကြမ်း ဖက် PDF များ ရွာမနေထွက်ခွာခိုင်းနေသည်ဟု သိရပါသည်။

■   အလားတူ ဝက်လက်မြို့နှင့် အနီးတစ်ဝိုက် ဝက်လက်မှ ပင်းဇင်းမကျည်းတုံအထိ၊ ဝက်လက်မှ ရွာသာကြီးအထိ၊ ဝက်လက်မှ မှတ်ထိ အထိ၊ ဝက်လက်မှ သာလိုင်း၊ရုံးသာအထိ ကြား ရွာများရှိ သက်ကြီးရွယ်အိုနှင့် ကလေးငယ်များကို ရွာမှ ထွက်ခွာစေပြီး လူငယ်လူ ရွယ်နှင့် ပြေးနိုင်လွှားနိုင်သူများသာ နေလို့ရကြောင်း သိရပါသည်။

■   စစ်ကိုင်းတိုင်းအတွင်းရှိ မြို့နယ်အချို့ကို အကြမ်း ဖက်အဖွဲ့ တစ်ပြိုင်တည်း တိုက်ခိုက်ရန် စီစဥ်နေကြောင်း၊ ကနီ ၊ မုံရွာ၊ ရေဦး  ၊ တမူးမြို့များကို နိုဝင် ဘာ ၁၀ ရက်နေ့တွင်လည်းကောင်း၊ ယင်းမာပင်မြို့ကို နိုဝင်ဘာ ၁၁ ရက်နေ့တွင်လည်း ကောင်း၊ မော်လိုက်မြို့ကို နိုဝင်ဘာ ၁၂ ရက်နေ့တွင် လည်းကောင်း ဝင်ရောက်တိုက်ခိုက်မည်ဟု  သတင်းများ ထွက်ပေါ်နေကြောင်း ဒေသခံများထံမှ သိရပါသည်။

■   ယနေ့ နံနက် ၆ နာရီအချိန်ခန့်က ဆားတောင်မြို့၊ ဆားတောင်နယ်မြေရဲ စခန်းမှ ၆ဖာလုံခန့်အကွာ ပင်းသင်းရပ်ကွက်အတွင်း အကြမ်းဖက် PDF များရောက်ရှိနေကြောင်း သတင်းအရ ဆားတောင် နယ်မြေရဲစခန်းမှ လုံခြုံရေးအဖွဲ့သည်  သတင်းအရ သွားရောက် ရှင်း လင်းခဲ့ရာ ရွာစိုက်ရပ်ကွက်နှင့် ပင်းသင်းရပ်ကွက် ဆက်သွယ်ထားသော လမ်းအရောက် အကြမ်းဖက် PDF များဖြင့် ၁၀ မိနစ်ခန့် ထိတွေတိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်း ဖက် PDF ကျား ၁ လောင်း(စိစစ်ဆဲ)၊ သေ နတ် ၁ လက်လက်၊ ၎င်းကျည် ၈၅ တောင့်၊ လက်လုပ်ဗုံး(ဗုံး၁လုံး) သိမ်းဆည်းရရှိခဲ့ကြောင်း အဆိုပါ ထိတွေ့မူတွင်  ရဲတပ်ဖွဲ့ဝင် တစ်ဦး ကျည်ရှပ်မှန်(မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့ကြောင်း သိရပါသည်။

#PAN