ဂါဇာ၌ သေဆုံးရသည့် ကုလသမဂ္ဂ ဝန်ထမ်း ၈၉ ဦးအထိ ရှိလာ

နိုဝင်ဘာ ၉

      လက်ရှိ ဖြစ်ပွားနေသော အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခတွင် ဂါဇာ၌ သေဆုံးရသည့် ကုလသမဂ္ဂ ဝန် ထမ်း ၈၉ ဦးအထိ ရှိလာပြီ ဖြစ် ကြောင်း အဆိုပါအဖွဲ့အစည်းက ထုတ်ပြန်ထားသည်။

      ယခုကဲ့သို့ ကုလသမဂ္ဂ ဝန်ထမ်းများ သေဆုံးမှု သည် သမိုင်းတစ်လျှောက်တွင် ပဋိပက္ခတစ်ခုအတွင်း သေဆုံးမှု အများဆုံး ဖြစ်ကြောင်း UNRWA က နိုဝင်ဘာလ ၇ ရက်တွင် ပြောသည်။

      ထို့ပြင် ပဋိပက္ခများ စတင်ဖြစ်ပွားသည့် အောက် တိုဘာလ ၇ ရက်မှစ၍ နိုဝင်ဘာလ ၇ ရက်အထိ ပြည်သူ တစ်သန်းခွဲ နီးပါး ရွှေ့ပြောင်းနေထိုင်ရကြောင်းနှင့် ၇၂၅,၀၀၀ ခန့်မှာ ဂါဇာရှိ UNRWA ၏ ကယ်ဆယ်ရေးစခန်းများ တွင် ခိုလှုံနေရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထား သည်။

       လက်ရှိအချိန်တွင် ဂါဇာရှိ ကုလသမဂ္ဂ၏ ကယ် ဆယ်ရေးစခန်းများ၌ ခိုလှုံနေရသူအရေ အတွက် အလွန်အမင်းများပြားလာခြင်းက စိုးရိမ်ဖွယ်ကိစ္စတစ်ခု ဖြစ်လာကြောင်း ကုလသမဂ္ဂ၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့က ထုတ်ပြန်ခဲ့ကြောင်း ဆင်ဟွာသတင်းဌာန ဖော်ပြချက်အရ သိရသည်။

#PAN