မြင်းခြံမြို့နယ်၊ ပြားကျေးရွာအနီးတွင် နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့နှင့် အကြမ်း ဖက် PDF အဖွဲ့တို့ တိုက်ပွဲဖြစ်ပွား PDF အလောင်း ၅ လောင်းနှင့် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိ

နိုဝင်ဘာ ၇

       မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့နယ်၊ ပြားကျေးရွာအနီးတွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသော နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့နှင့် အကြမ်း ဖက် PDF အဖွဲ့ (ခေါင်းဆောင်၊ အင်အားစိစစ်ဆဲ)တို့ ယနေ့ နံနက် ၈ နာရီအချိန်ခန့်က တွေ့ဆုံတိုက်ပွဲဖြစ်ပွားခဲသည်ဟု သိရပါသည်။

       အဆိုပါ တွေ့ဆုံတိုက်ပွဲတွင် အကြမ်းဖက် PDF အလောင်း ၅ လောင်း၊ လက်လုပ်သေနတ် ၃ လက်၊ လက်လုပ်မိုင်း ၄ လုံး၊ M22ကျည်အိမ် ၃ ခု၊ ၎င်းကျည် ၉၂ တောင့်တို့အားသိမ်းဆည်းရမိပြီး နယ်မြေလုံခြုံရေးပူးပေါင်းအဖွဲ့မှ ပြည်သူ့စစ် တစ်ဦး Drop Bomb ပေါက်ကွဲမှုကြောင့် ဗုံးစထိမှန် (မစိုးရိမ်ရ) ဒဏ်ရာရရှိခဲ့သည်။

    အဆိုပါ အကြမ်းဖက် PDF များသည် နံနက် ၈ နာရီခွဲအချိန်ခန့်တွင် အနောက်ဘက်သို့ ဆုတ်ခွါသွားကြောင်းနှင့် ဆုတ်ခွါရာနောက်သို့ လိုက်လံရှင်းလင်းနေကြောင်း သိရှိရပါသည်။

       ထိုသို့ တွေ့ဆုံတိုက်ပွဲ ဖြစ်ပွားချိန် မြင်းခြံမြို့နယ်နှင့် နွားထိုးကြီးမြို့နယ်တို့မှ တပ်မတော်စစ်ကြောင်းနှင့် ပြည်သူ့စစ်ပူးပေါင်းအဖွဲ့က စစ်ကူအဖြစ်သွားရောက်၍ လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ပစ်ကူပေးခဲ့ကြောင်း၊ ၎င်းနောက် မြင်းခြံမြို့နယ်မှ ပြည်သူ့စစ်အဖွဲ့များကလည်း ထပ်မံစစ်ကူ လိုက်သွားခဲ့ကြောင်း သိရပါသည်။

      မြင်းခြံမြို့နယ်မှ ပြည်သူ့စစ်အဖွဲ့က စစ်ကူလိုက်စဥ် မြင်းခြံမြို့နယ်၊ပျားကျေးရွာနှင့်နွားထိုးကြီးမြို့နယ်၊နနွင်းတော်ဘိုးကျေးရွာအကြားအရောက်တွင် အကြမ်း ဖက် PDF များက Drop Bomb ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရပါသည်။

       ထိုသို Drop Bomb ဖြင့် တိုက်ခိုက်ခံရခြင်းကြောင့် ပြည်သူ့စစ်အဖွဲ့ဝင် ၄ ဦး မစိုရိမ်ရ ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

( ဖြစ်စဥ်နေရာတွင် Internet အခက်အခဲကြောင့် PDF ထံမှ သိမ်းဆည်းရမိ မှတ်တမ်းဓာတ်ပုံများ မဖော်ပြနိုင်ပါ၊ ရရှိပါက ဆက်လက်ဖော်ပြသွားပါမည်)

#PAN