ကျိုက္ခမီဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး ပရဝဏ်အတွင်း ၂၀၂၄ ခုနှစ်၊ ASEAN Smoke Free Award ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်

နိုဝင်ဘာ ၇

နိုဝင်ဘာ ၅ ရက်နေ့ မွန်းလွဲပိုင်း ၃ နာရီအချိန်မှ ညနေ ၄ နာရီအချိန်အထိ သံဖြူဇရပ်မြို့နယ် ၊ ကျိုက္ခမီမြို့ဆုတောင်းပြည့်ရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီး ပုရဝဏ်အတွင်း သာသနာ့ဗိမာန်တော်ခန်းမဆောင်၌ ၂၀၂၄ ခုနှစ်၊ ASEAN Smoke Free Award ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါဆွေးနွေးပွဲသို့ သံဖြူဇရပ်မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးအောင်မိုးလွင် ၊ မြို့နယ်ဆရာဝန်ဒေါက်တာ မင်းသန့်ဇင် ၊ ရေလယ်ဆံတော်ရှင်ဂေါပကအဖွဲ့ဥက္ကဌ ဦးအောင်သန်းနှင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ၊ ဒေသခံပြည်သူများ ၊ ဘုရားပရဝဏ်အတွင်းရှိ စျေးဆိုင်ခန်းများမှစျေးသည်များ ၊ ဂေါပကဝန်ထမ်းများ စုစုပေါင်း ၇၀ ဦးခန့်တက်ရောက်ခဲ့ကြောင်းသိရှိရပါသည်။

ဆွေးနွေးပွဲတွင် ဦးအောင်မိုးလွင်မှအဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံတွင် တန်ခိုး ကြီးဘုရားတစ်ဆူဖြစ်သည့် ကျိုက္ခမီရေလယ်ဆံတော်ရှင်မြတ်ဘုရားကြီးပရဝဏ်အတွင်း၌ ၂၀၂၄ ခုနှစ်တွင် ဆေးလိပ်ကင်းမဲ့ဇုန်အဖြစ် သတ်မှတ်ပြီး အာဆီယံအဆင့်ဝင်ရောက်ယှဥ်ပြိုင်နိုင်ရေးအတွက် သတ်မှတ်စည်းကမ်း ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရေး ၊ စျေးဆိုင်ခန်းများနှင့် စျေးသည်များအနေဖြင့်လည်း သတ်မှတ်ဧရိယာ အတွင်း၌ ဆေးလိပ်ရောင်းချခြင်းမပြုရန် အသိပညာပေးဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ လိုအပ်သည်များ ပြန်လည်ဖြည့်စွက် ပြောကြားပြီး ဆွေးနွေးပွဲကိုရုပ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

#PAN

Telegram Link

https://t.me/positiveanglenews