ခင်ဦးမြို့နယ်ရှိ မြို့နယ်ထွေအုပ်ရုံး၊ မြို့မရဲစခန်း ၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံးတို့ကို ပစ်မှတ်ထားပြီး အကြမ်းဖက် PDF အဖွဲ့က  Drop Bomb ၄ လုံးပစ်ချတိုက်ခိုက်

အောက်တိုဘာ ၃၁

       စစ်ကိုင်းတိုင်းဒေသကြီး၊ ခင်ဦးမြို့နယ်ရှိ ရုံးနေရာများသို့ ပစ်မှတ်ထားပြီး အကြမ်းဖက် PDF များက Drone ဖြင့် Drop Bomb ၄ လုံးပစ်ချခဲ့ရာ ​မြို့နယ်ထွေအုပ်ရုံး တစ်လုံး၊ မြို့မရဲစခန်း တစ်လုံး၊ မြို့နယ်ပြည်ခိုင်ဖြိုးပါတီရုံး တစ်လုံးကျရောက် ပေါက်ကွဲခဲ့ပြီး ကျန် တစ်လုံးမှာ ရဲစခန်းနှင့် ပြည်ခိုင်ဖြိုးပါတီရုံးအကြား မြို့အဝင်လမ်းမပေါ်ကျရောက်ပေါက်ကွဲခဲ့သည်။

     အကြမ်းဖက် PDF အဖွဲ့က ပစ်ချသည့် Drop Bomb များအနက် ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ပါတီရုံးပေါ်သို့ ပစ်ချသော  ဗုံးသည် ရုံးအဆောက်အဦပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး ရုံးအမိုးနှင့် မျက်နှာကျက်ပျက် စီးခဲ့ကြောင်း၊ ရုံးတွင်နေထိုင်သူ အမျိုးသား တစ်ဦး၏ ခြေထောက်တွင် ဗုံးစထိမှန် (မစိုးရိမ်ရ)ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါ သည်။

       ကျန် မြို့နယ်ထွေအုပ်ရုံး၊ မြို့မရဲစခန်းနှင့် ရဲစခန်းနှင့် ပြည်ခိုင်ဖြိုးပါတီရုံးအကြား မြို့အဝင်လမ်းမပေါ် ကျရောက်ပေါက်ကွဲသော ဗုံးများမှာ အဆောက်အဦပေါ်ကျရောက်ခြင်းမရှိ မြေကွက် လပ်များပေါ်သာ ကျရောက်ခဲ့ပြီး လူ ၊ အဆောက်အဦ ထိခိုက်သေဆုံး၊ ပျက်စီးခြင်း မရှိကြောင်းသတင်းရရှိပါသည်။

#PAN