ထိုင်ဝမ်သည် ဟားမတ်စ်၊ ယူကရိန်းတို့၏ အံ့အား သင့်ဖွယ်ရာ တိုက်ခိုက်မှုများကို လုံခြုံရေးသင်ခန်းစာယူ

အောက်တိုဘာ ၂၉

       အောက်တိုဘာ ၇ ရက်က ပါလက်စတိုင်းလက်နက်ကိုင်အဖွဲ့ ဟားမတ်စ်က အစ္စရေးနိုင်ငံကို အံ့အားသင့်ဖွယ် တိုက်ခိုက်မှုတစ်ခု ပြုလုပ်ခဲ့ပြီး ထောင်နှင့်ချီသော ဒုံးကျည်များဖြင့် အစ္စရေး ၏ ခေတ်မီဆန်းသစ်သော Iron Dome လေ ကြောင်းရန် ကာကွယ်ရေးစနစ်ကို လျင်မြန်စွာ လွှမ်းခြုံသွားခဲ့ပြီး ထောင်နှင့်ချီသော တိုက်ခိုက်ရေးသမားများသည် အစ္စရေးတောင်ပိုင်းကို လေကြောင်း၊ ရေကြောင်းနှင့် ကုန်းတွင်းပိုင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့သည်။

    လိုအပ်ပါက အင်အားသုံး၍ တရုတ်နှင့် ကိုယ် ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကို ပေါင်းစည်းရန် ပေကျင်း၏ နိုင်ငံရေးခေါင်းဆောင်များက ကတိပြုထားသဖြင့် ဟားမတ်စ်၏ အံ့အားသင့်ဖွယ်ရာ တိုက်ခိုက်မှု၏ အရေးပါမှုသည် ထိုင်ဝမ်စစ်တပ်အပေါ် တန်ဘိုးရှိခဲ့သည်။

     အစ္စရေးကို ဟားမတ်စ်များ စီးနင်းတိုက်ခိုက်ပြီးနောက် သီတင်းပတ်တွင် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ဌာနက အစ္စရေး-ဂါဇာစစ်ပွဲမှ သင်ခန်းစာယူရန် အထူးတာဝန်တပ်ဖွဲ့တစ်ခု ဖွဲ့စည်းကြောင်း ကြေညာခဲ့သည်။

       ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး Chiu Kuo-cheng က ” ကနဦးသင်ခန်းစာတစ်ခုကတော့ တရုတ်နိုင်ငံရဲ့ ခြိမ်းခြောက်မှုတွေကို တန်ပြန်ဖို့အတွက် ထောက်လှမ်း ရေးတွေ စုစည်းမှုဟာ အဓိကကျတယ် ” ဟု ပြောခဲ့ပါသည်။

      အစ္စရေး – ဂါဇာ စစ်ပွဲသည် မကြာသေးမီကမှ ကမ္ဘာကို တုန်လှုပ်ခြောက်ခြားသွားစေသည့် ဒုတိယအကြိမ်မြောက် စစ်ဆင်ရေးတစ်ခုဖြစ်ပြီး မပြီးမချင်း လုပ်ဆောင်နိုင်ချေရှိသည်ဟု ယူဆရသည်။

     ” ထိုင်ဝမ်မှာလည်း ပင်လယ်ကြီးရှိတယ်” အသက် ၄၂ နှစ်အရွယ် ထိုင်ဝမ်အရံအဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အသက်မွေးဝမ်းကြောင်းအရ သွားဆရာဝန်တစ်ဦးဖြစ်တဲ့ တိုနီဝေက ပြောပါသည်။ ”ထိုင်ဝမ်ကို ကျူးကျော်ဖို့ သူတို့ (တရုတ်စစ်တပ်) ဟာ အလွန်ကြီးမားတဲ့ ရေတပ်စုကို စုဆောင်းရမှာပဲ” ဟု Wei က Al Jazeera သို့ ပြောကြားခဲ့သည်။

      တရုတ်၏ ထိုသို့သော ရေတပ်အင်အားကို စုစည်းထားခြင်းသည် ထိုင်ဝမ်က ဖော်ထုတ်နိုင်မည်ဖြစ်ပြီး ကျူးကျော်ရန် သို့မဟုတ် ကြိုတင်တိုက်ခိုက်ရန် အဆင်သင့်ဖြစ်စေရန် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရကျွန်းကို အချိန်ပေးထားကြောင်း ဝေက ပြောကြားခဲ့သည်။

      “အစ္စရေးမှာ အလွန်အားကောင်းတဲ့ စစ်တပ်၊ ထိရောက်တဲ့ ထောက်လှမ်းရေးဌာနနဲ့ အမေရိကန်ရဲ့ ပံ့ပိုးကူညီမှုတွေ အများကြီးရှိပါတယ်” ဟု ဝေက ပြောကြားခဲ့သည်။  “အကယ်၍ အစ္စရေးတွေတောင် အံ့သြပြီး စီးနင်းခံရရင် ထိုင်ဝမ်ကော ဘယ်လိုလဲ ” ဟု ၎င်းက မေးခွန်းထုတ်ခဲ့သည်။

       “သမ္မတပူတင်က ယူကရိန်းကို တိုက်ခိုက်မှာမဟုတ်ဘူးလို့ သူတို့ကပြောတယ်၊ ဒါပေမယ့် သူက လုပ်တယ်၊ ဟားမတ်စ်တွေက အစ္စရေးကို တိုက်ခိုက်လို့မရဘူးလို့ ပြောတယ်၊ ဒါပေမယ့် သူတို့က လုပ်ခဲ့တယ်” ဟု ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ  ရုရှားကျူးကျော်မှုကို ရည်ညွှန်းပြီး ဝေက ပြောကြားခဲ့သည်။

      “ကျွန်ုပ်တို့၏ကျွန်းသည် မတွေးဝံ့စရာဖြစ်လာမည့် နောက်ထပ်နေရာတစ်ခုဖြစ်လာပါက အဆိုပါတိုက်ခိုက်မှုများမှ သင်ယူရန် လိုအပ်ပါသည်။” Wei က ဆိုသည်။ “တိုက်ခိုက်မှုတစ်ခုဖြစ်ပွားပြီး ဘာလုပ်ရမလဲဆိုတဲ့ နောက် အဓိကစဉ်းစားစရာက နေရယူလာခဲ့တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

     ထိုင်ဝမ်အစိုးရသည်လည်း ထိုလမ်းကြောင်းအတိုင်း ခြေလှမ်းများလှမ်းခဲ့သည်။ စစ်တပ်ကို ငွေများများ ခွဲဝေပေးနေပြီး  ထိုင်ဝမ်နိုင်ငံသားများအတွက် မသင်မနေရ စစ်မှုထမ်းခြင်းကို လေးလမှ တစ်နှစ်အထိ သက်တမ်းတိုးထားသည်။  ဒုံးကျည်စနစ်အသစ်များ ဝယ်ယူမှုကို ကြေညာခဲ့ပြီး ကျွန်း၏ ပထမဆုံးပြည်တွင်း၌ တည်ဆောက်ထားသော ရေငုပ် သင်္ဘောကိုလည်း ယခုလအစောပိုင်းတွင် ထုတ်ဖော်ပြသခဲ့သည်။

#PAN