ကော့ကရိတ်မြို့ကို အကြမ်းဖက်သောင်းကျန်းသူ KKO(ခွဲထွက်)အဖွဲ့က တစ်ကျော့ပြန်တိုက်ခိုက် ကော်ပရာစစ်ကြောင်း အဖွဲ့ခေါင်းဆောင်အပါ အဝင် ၃ ဦးသေဆုံး၊ ၆ ဦး အရှင်ဖမ်းခံရ

အောက်တိုဘာ ၂၈
     
       ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ကို ယမန်နေ့ကစတင်၍ ပစ်မှတ်ထား တိုက်ခိုက်နေသည့် အကြမ်းဖက်သောင်းကျန်းသူ KKO(ခွဲထွက်)အဖွဲ့က တစ်ကျော့ပြန်တိုက်ခိုက်လာရာ ယနေ့ နံနက်ပိုင်းတွင် ကျားဖြူစစ် ကြောင်းသည်  ကော့ကရိတ်မြို့ မြောက်ဖက်၊ အနောက်မြောက်ဖက်တို့မှလည်းကောင်း၊ Cobra စစ် ကြောင်း သည် ကော့ကရိတ်မြို့ တောင်ဖက်၊ အရှေ့ တောင်ဖက်မှလည်းကောင်း ဝင်ရောက်တိုက်ခိုက်လာသည်။

     အဆိုပါ တိုက်ပွဲတွင် Cobra စစ်ကြောင်းမှ ၃ ဦးကျဆုံးကြောင်း ၎င်းတို့၏ လူမှုကွန်ယက်တွင် ဖော်ပြထားသည်။ ကော့ကရိတ်မြို့၏ အရှေ့ တောင်ဖက် ကော့ကရိတ် – မြဝတီ အာရှလမ်းမကြီးဘေးရှိ ကော့နွဲကျေးရွာအနီးတွင် ဖြစ်ပွားသောတိုက်ပွဲ၌ ကော်ပရာစစ်ကြောင်းမှ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သော ရှိုင်ထက်အောင် မှာ တိုက်ပွဲကျသွားပြီး ၎င်းအဖွဲ့မှ ၆ ယောက်ကို တပ်မတော်လုံခြုံရေးအဖွဲ့က အရှင်ဖမ်းမိထား သည်ဟု ကော့နွဲ့ရွာသား တစ်ဦးက သတင်းပေးပို့လာပါသည်။

      အဆိုပါ ရှိုင်ထက်အောင် ဆိုသူမှာ ယခင် မတ်လ ၂၅ ရက်နေ့က မြဝတီကုန်သွယ်ရေးဇုန်ကို ဝင်ရောက်စီးနင်းပြီး ရဲတပ်ဖွဲ့ဝင်များကို ပစ်ခတ်သတ်ဖြတ်၍ မီးရှို့ဖျက်ဆီးခဲ့သည့် ကော်ပရာစစ်ကြောင်း အဖွဲ့ခေါင်း ဆောင်ဖြစ်ကြောင်း သိရပါသည်။

#PAN